U Ye Win Aung
BioSys Co., Ltd

Q: လက်ရှိအလုပ်လုပ်နေသောကုမ္ပဏီအမည် အမျိုးအစား (နိုင်ငံသားပိုင်၊ နိုင်ငံခြားသားပိုင်၊ ဖက်စပ်၊ နိုင်ငံခြားဖြစ်လျှင် နိုင်ငံအမည်) နဲ့ ရာထူးကိုပြောပြပေးပါရှင်။

A: BioSys Co., Ltd . Pharmaceutical Company. Area Sales Manager ရာထူးတာဝန်နဲ့ လုပ်ငန်းခွင်ဝင်ရောက်နေပါတယ်။

enter image description here

Q: လုပ်ငန်းခွင်ထဲမှာ ဘယ်လိုတာဝန် (လုပ်ဆောင်ချက်) တွေကိုလုပ်ရပါသလဲရှင်။ လုပ်ငန်းအတွေ့အကြုံများကို အကြမ်းဖျဉ်း ပြောပြပေးပါလားရှင်။

A: အဓိကတာဝန်ယူရတာကတော့ ပဲခူးတိုင်းနှင့်ပတ်သတ်ပြီး Sales and Marketing တာဝန်ယူရပါတယ်။ တိုင်းတစ်ခုလုံးရဲ့အောက်မှာရှိတဲ့ မြို့နယ်လေးတွေအထိ in detail ဆင်းပြီး focus လုပ်ရပါတယ်။


Q: အခုအလုပ်မှာမှမဟုတ်ပဲ လုပ်ဖူးတဲ့အလုပ်တွေထဲမှာ လုပ်ငန်းခွင်ထဲမှာကြုံရတဲ့ အခက်အခဲလေးတွေ ရှိခဲ့ဖူးတာရှိရင် နမူနာအနည်းငယ်နှင့် အဲဒါတွေကို ဘယ်လိုဖြတ်ကျော်ခဲ့တယ်ဆိုတာ ပြောပြပေးပါလားရှင်။

A: အခက်အခဲတွေတော့ ရှိပါတယ်။ ဒါပေမယ့် အလုပ်ပုံစံကတစ်ခုတည်းမို့ ဖြေရှင်းရတာကတော့ အခက်အခဲသိပ်မရှိပါဘူး။ အခက်အခဲဆိုတာက ကိုယ့်အတွက်ယူတတ်ရင် ပညာတွေပါ။


Q: ဒီနေရာမှာ ခုမှ အလုပ်စလုပ်မဲ့လူငယ်တွေကို အလုပ်လုပ်ရာမှာ ကျင့်သုံးသင့်တဲ့အလေ့အထ အမူအကျင့်လေးတွေကို ကိုယ်ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံပေါ်မူတည် ပြီးပြောပြပေးပါလားရှင်။

A: Professional ဆိုတဲ့စိတ်ကလေးထည့်ပြီးမှ အလုပ်လုပ်ပါ။ ငွေအတွက် အလုပ်လုပ်တာမျိုးမဟုတ်ပဲ အတွေ့အကြုံကိုဦးစားပေးလုပ်ရင် အတွေ့အကြုံကော ငွေပါရပါတယ်။ လူတိုင်းမှာအားသာချက် အားနည်းချက်ဆိုတာကတော့ ရှိပါတယ်။ အဲဒီအရာတွေကို ကိုယ်တိုင်သိရင် အခက်အခဲတွေ ပြဿ နာတွေနည်းပြီး လုပ်ငန်းခွင်မှာ ပျော်ရွှင်လာပါလိမ့်မယ်။နောက်တစ်ခုက Professional နဲ့ Business ကိုခွဲတတ်ဖို့ပါပဲ။


Q: တစ်ဆက်တည်း လုပ်ငန်းအတွေ့အကြုံတွေထဲမှာ အမှတ်တရအဖြစ်ဆုံး အဖြစ်အပျက်ကလေးများ ရှိရင်ပြောပြပေးပါရှင်။ ဥပမာ။ ။ စိတ်ကျေနပ်မှုအရှိဆုံးဖြစ်ခဲ့တဲ့ မှတ်မှတ်ထင်ထင် စိတ်ထဲကျန်ရစ်ခဲ့တဲ့အလုပ်မျိုးပေါ့။

A: ကျွန်တော်ကတော့ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ကိုယ့်အတွက်အောင်မြင်မှု၊ ဆုံးရှုံးမှု ရာခိုင်နှုန်းအခြေအနေကို ကြည့်ပါတယ်။ အောင်မြင်မှု ရာခိုင်နှုန်းက ငါးဆယ်ရာခိုင်နှုန်းအထက်ရှိတယ်လို့ မျှော်လင့်လို့ရရင် လုပ်ပါတယ်။


Q: (အိမ်ထောင်သို့မိသားစုရှိလျှင်) လုပ်ငန်းခွင်မှာအောင်မြင်ဖို့ ကြိုးစားရတာတွေနှင့်အတူ မိသားစုအရေးမှာလည်း ဟန်ချက်ညီဖို့ ကြိုးစားရတာတွေနှင့် ပတ်သက်ပြီး အခက်အခဲလေးတွေ၊ ဖြေရှင်းပုံနည်းလမ်းတစ်ချို့ကို ပြောပြပေးပါလားရှင်။

A: ရှေ့မှာပြောခဲ့သလို Time Manage လုပ်တတ်ဖို့လိုပါတယ်။ မိသားစုဆိုတာက ကိုယ်မွေးကတည်းက အတူရှိနေတာပဲလေ။ ကိုယ်မသိတဲ့ မရှင်းနိုင်တဲ့အခက်အခဲမျိုးဆိုတာက မရှိဘူးလို့ သတ်မှတ်ထားရပါမယ်။


Q: မြန်မာပြည်မှာ အလုပ်ခဏခဏ ပြောင်းတာတွေအပေါ် ဘယ်လိုမြင်ပါလဲ။ ဘယ်လိုဖြေရှင်းသင့်တယ်လို့ ထင်ပါသလဲ။

A: Company တိုင်းမှာ Human Resorce and Admin ဆိုတဲ့နေရာကို သေချာခွဲခြားထားနိုင်ပြီးရင် ဒီပြဿ နာကနည်းပါးသွားပါလိမ့်မယ်ထင်ပါတယ်။


Q: အခုကစပြီး လုပ်ငန်းခွင်ထဲဝင်ဖို့ ပြင်ဆင်နေတဲ့လူငယ်တွေကို ဘယ်လိုမျိုးတွေ ပြင်ဆင်သင့်တယ်လို့ အကြံပေးချင်ပါသလဲ။

A: ခုအချိန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ပတ်သတ်ပြီး ဂျာနယ်တွေလည်းရှိတယ်။ ရှိနေပြီဆိုတော့ လေ့လာပါ။ ကိုယ်နဲ့ ဘယ်အလုပ်ကပိုပြီးသင့်တော်မလဲဆိုတာ စဉ်းစားပြီးရင် ဒီအလုပ်နေရာအတွက် လိုအပ်တာတွေပြင်ဆင်ပြီးမှ လုပ်ပါ။


Q: အင်တာဗျူးးဝင်မယ့် လူငယ်တွေကို ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်တယ်ဆိုတာ အကြံပေးပေးပါလားရှင်။

A: Self Confidence ဆိုတာကအရေးကြီးပါတယ်။ မွေးမြူရမယ်။ ဘယ်လိုနေရာမျိုးပဲဖြစ်ဖြစ် အရည်အချင်းရှိမှရတဲ့အတွက် အလုပ်နဲ့ပတ်သတ်တဲ့အရည်အချင်းတွေပြည့်မှ အင်တာဗျူးးဝင်ပါလို့  ပြောချင်တယ်။


Q: မြန်မာပြည်သို့ နိုင်ငံခြားလုပ်ငန်းတွေများစွာ ဝင်ရောက်ရင်းနှီးမြှုပ်နှံလာတာ တွေ့ရသလို မြန်မာပြည်ကို ပြန်လာသူလိုသူတွေကို ဘယ်လိုအကြံပေးချင်ပါသလဲ။

A: နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဝင်လာတာ ၀မ်းသာစရာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေပေါလာပါတယ်။ တကယ်အရည်အချင်းရှိတဲ့သူတွေကို လစာကောင်းကောင်းတွေနဲ့ နေရာတွေပေးနေတဲ့အတွက် တချို့ပြန်လာကြတာပါ။ ဒီမှာကတော့ ပြည်ပနိုင်ငံတွေမှာလို ကန့်သတ်ချက်တွေရှိမနေပါဘူး။ မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာတဲ့အခါ ပြည်တွင်းမှာရှိတဲ့လူတွေအတွက်လည်းအဆင်ပြေသလို တချို့ကုမ္မဏီတွေဆိုရင် သူတို့နိုင်ငံဘက်မှာလည်း အောင်မြင်မှုတစ်ခုရှိလာတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ Marketing ချဲ့တယ်။ တကယ်အရည်အချင်းအပြည့်အ၀ရှိတဲ့ ၀န်ထမ်းတွေခေါ်တယ်။ လစာကောင်းကောင်းပေးတယ်။ ဒါ့ကြောင့်ပြည်ပရောက်နေတဲ့ ပညာရှင်တချို့ပြန်လာပြီး အလုပ်ဝင်ဖို့စိတ်ဝင်စားလာတယ်။ မိခင်နိုင်ငံရဲ့ အရိပ်အာဝါသအောက်မှာ လုပ်ရတဲ့အတွက် အရာရာစိတ်ချယုံကြည်မှုရနေပါပြီ။ ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ့်နိုင်ငံမှာ ပြန်အသုံးချလို့ရတဲ့အချိန်ကိုရောက်နေပါပြီ။ လွတ်လပ်စွာပြန်လာနိုင်ပါပြီ။


Q: ပညာသင်ကြားခဲ့စဉ်အချိန်တွေမှာ အခက်အခဲတွေရှိခဲ့ဖူးရင် ယင်းအခက်အခဲတွေနှင့် ဘယ်လိုကျော်လွှားခဲ့ရသလဲဆိုတာ ပြောပြပေးပါလားရှင်။

A: ကျွန်တော်က အဝေးသင်တက္ကသိုလ်ကနေ ဘွဲ့ရတာပါ။ တခါတလေ အလုပ်ကခွင့်မရတော့ ထမင်းစားချိန်မှာစာကျက်ပြီး နေ့တစ်ဝက်ခွင့်ယူတာမျိုးတွေနဲ့ စာမေးပွဲဖြေခဲ့ဖူးပါတယ်။


Q: လူငယ်တွေပညာသင်ကြားရေးနှင့် ပတ်သက်ပြီး အကြံပြုချင်တာလေးများရှိရင် ပြောပြပေးပါလားရှင်။

A: ပညာရေးစနစ်က အရင်ကထက် ပိုပြီးကောင်းလာတယ်ဆိုတော့ တချို့ကလေးတွေအတွက် ပင်ပန်းလိမ့်မယ်ထင်ပါတယ်။ အရင်ကထက်လည်း နှစ်ဆပိုကြိုးစားကြရပါတယ်။ လူငယ်တွေ ပညာသင်ကြားရေးနဲ့ပတ်သတ်ပြီး ပြောချင်တာကတော့ ကျွန်တော်တို့ကျောင်းတတ်တုန်းကဆို တက္ကသိုလ်ဝင်တန်းအောင်ရင် (ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့လို) ရမှတ်သတ်မှတ်ထားတာတွေကလွဲရင် ကျန်တဲ့ အဓိကဘာသာတွေကို ကိုယ့်စိတ်ကြိုက်ရွေးလို့မရဘူး။ ဥပမာ- ကိုယ့်အကြိုက် English Major မို့လို့ဒီတစ်ခုတည်းရွေးပြီးလျောက်လို့မရဘူး။ အနည်းဆုံးလေးငါးမျိုးရွေးနေရတယ်။ နောက်ပြီး သူတို့ချပေးတာကိုပဲယူရတယ်။ လက်ရှိအချိန်အထိကို ဒီနည်းနဲ့ဖြေရှင်းနေတုန်းပဲ။ ဘာ့ကြောင့်လဲဆိုတာ အတိအကျမသိရပေမယ့် အဲဒီလိုတော့မဖြစ်စေချင်ဘူး။ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ ရမှတ်ကိုယ်စီနဲ့ကိုက်ညီတဲ့ဘာသာရပ်တစ်ခုချင်းစီကို ပြဌာန်းထားသင့်ပါတယ်။ တချို့ဆို တက္ကသိုလ်ဝင်တန်းကို သိပ္ပံတွဲနဲ့အောင်တယ်။ တက္ကသိုလ်တတ်တော့ ၀ိဇ္ဇာတွဲပဲရတယ်။ ဒီထက်တော့ လိုက်လျောညီထွေမှုရှိစေချင်ပါတယ်။


------------- (နိုင်ငံခြားသားပိုင်၊ ဖက်စပ်၊ ပြည်ပ) ကုမ္ပဏီတွင် အလုပ်လုပ်သူများ -------------

Q: နိုင်ငံခြားသားတွေနှင့် တွဲလုပ်တဲ့အခါ ဖြစ်လေ့ရှိတဲ့ အခက်အခဲလေးတွေ ပြောပြပေးပါလား။

A: Nature of Country မတူညီတဲ့အတွက် တစ်ခါတလေပိုပြီးရှင်းပြရပါတယ်။ သူတို့က စိတ်ဓါတ်ပြင်းထန်ပါတယ်။ လုပ်ဆောင်ချက်မြန်တယ်။ ဒီမှာက Responce နှေးတယ်။ ဒီလိုအခက်အခဲတွေတော့ ရှိနေပါတယ်။


Q: လက်ကိုင်ထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ဝေမျှပေးပါလား။

A: ဒီတစ်လလုံး ကိုယ်ဘာလုပ်မယ်ဆိုတာကို Monthly Plan ကိုတစ်လ တစ်လရဲ့အစမှာ ကြိုတင်ပြင်ဆင်ထားပါ။ လအကုန်မှာ ပြန်ပြီး Post Plan ပြန်လုပ်၊ Pre နဲ့ Post ရဲ့ကွာခြားချက်ကို Analysis လုပ်ထားသင့်တယ်လို့ ခံယူထားပါတယ်။


Q: ဘာသာစကားနှင့် ပတ်သက်ပြီးကြုံရတဲ့ အခက်အခဲလေးတွေရှိရင် ပြောပြပေးပါလား။

A: Mother Language နဲ့ English Language အပြင် တခြားဘာသာစကားတွေလည်း ပြောတတ်၊ရေးတတ်ချင်တယ်။ ဒီအတွက်ကတော့ အခက်အခဲကြီးရှိနေပါတယ်။


ယခုကဲ့သို့အတွေ့အကြုံဗဟုသုတများကို မျှဝေဖြေကြားပေးခြင်းအတွက် Dream Job Myanmar မှ ကျေးဇူးအထူးတင်ရှိပါသည်။


Dream Job Myanmar Executive

၂၀၁၅ခုနှစ် ဇန်န၀ါရီလမှစတင်ပြီး

Dream Job Myanmar မှ

လစာ၅သိန်းနှင့်အထက် Executive Level

နှင့်

လစာ၃သိန်းနှင့်အထက် Senior Level များကို

အလုပ်အကိုင် တိုက်ရိုက် မိတ်ဆက်ပေးခြင်း

(အေဂျင်စီဝန်ဆောင်မှု) စတင်လိုက်ပြီ ဖြစ်ပါသဖြင့်

နှစ်သစ်တွင် အလုပ်အကိုင်ကောင်းများရရှိစေဖို့

ယခုပဲ သင့်CVကို ပေးပို့လိုက်ပါရန်

ဖိတ်ခေါ်ပါတယ်ရှင်။

cv@dreamjobmyanmar.com + Attached your CV

အလုပ်များကို ဤနေရာတွင်ကြည့်ပါ။


Date of Birth: 12/31/1986

Nationality: Myanmar

Education: ◎BA (Geography) - Dagon University ◎Computer (Word,Excel,Power Point) KMD Traning Center ◎English (4 skills) U Mya Kyaw ◎Sales and Marketing Management TTS ◎Diploma of Marketing and Administration (MBA) (Yangon University) ◎Pharmaceutical Management Course (UMFCCI)

Career: Area Sales Manager