Zaw Naing
Mandalay Technology Co., Ltd.

အပိုင်း (၂)

Q: ၀န်ထမ်းခေါ်ယူတဲ့အခါ ဘယ်လိုခေါ်ယူလေ့ရှိပါသလဲရှင်။

A: အကြမ်းဖျင်းအားဖြင့် ပြောရရင် သတင်းစာထဲက ခေါ်တဲ့အခါလည်း ရှိပါတယ်။ နောက် ၀က်ဆိုက်တွေကနေ ခေါ်တဲ့အခါလည်း ရှိပါတယ်။ ကုမ္ပဏီရဲ့ ၀က်ဆိုက်မှာ တင်ထားတဲ့အခါလည်း ရှိပါတယ်။ နောက်တစ်ခါ NCPAတို့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းတို့၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့လိုမျိုး အဖွဲ့အစည်းတွေမှာ သွားပြီးတော့ ကြော်ငြာတွေ ကပ်ပါတယ်။ ထိုနည်းတူဘဲ Email ကနေ Email Group တွေကနေ တစ်ဆင့် တင်ပါတယ်။ များသောအားဖြင့်တော့ website တွေကနေတင်တာ များပါတယ်။ တစ်ခါတစ်လေကျရင်လည်း Mouth to Mouth လို့ခေါ်တဲ့ တစ်ယောက်စကား တစ်ယောက်ကနေလည်း ဒီလိုမျိုး အင်ဂျင်နီယာတစ်ယောက်တော့ လိုတယ် ရုံးက၀န်ထမ်းတွေရဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ ကြားထဲမှာ ဒီလိုမျိုးလူမျိုး ရှိပါသလား ဆိုတာမျိုး အဲလိုမျိုး လူလူချင်း ဆက်သွယ်မှုနဲ့ ခေါ်တာမျိုးတွေလည်း ရှိပါတယ်။ အဲတော့ နည်းမျိုးစုံနဲ့ ခေါ်ပါတယ်။ အဲလိုခေါ်တဲ့အခါမှာ လာရောက် လျှောက်ထားတဲ့အခါမှာလည်း နည်းမျိုးစုံနဲ့ လာရောက် လျှောက်ထားကြပါတယ်။


Q: မြန်မာနိုင်ငံမှာ အလုပ်ပြောင်းရွှေ့မှုနှုန်းဟာ အလွန်များပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လို ဖြေရှင်း သင့်တယ်လို့ထင်ပါသလဲရှင်။

A: အလုပ်ပြောင်းရွှေ့မှု များတာမှန်ပါတယ်။ အစ်ကိုတို့ ကုမ္ပဏီမှာဆိုလည်း လူငယ်တွေ၊ လူလတ်ပိုင်းတွေ ၀င်လာတယ်။ ပြီးရင် သူတို့ရဲ့ အနာဂတ် မျှော်မှန်းချက်တွေ နဲ့ ရည်မှန်းချက်တွေ အတွက်ကို အလုပ်ပြောင်းကြပါတယ်။ အပြစ်မဟုတ်ပါဘူး။ သူတို့ဘ၀ရည်မှန်းချက်နဲ့ ဘ၀ရှေ့ရေးအတွက် ဒီလိုဘဲ ပြောင်းကြတာ ဖြစ်တဲ့အတွက်ကြောင့် အပြစ်လို့ပြောစရာမရှိပါဘူး။ သူတို့အနေနဲ့လည်း အစ်ကိုတို့ ကုမ္ပဏီမှာလုပ်ခဲ့လို့ အတွေ့အကြုံရတဲ့ အတွက်ကြောင့် သူတို့လည်း ကိုယ့်ကို ကျေးဇူးတင်ပါတယ်။ ကိုယ်တွေအနေနဲ့လည်း သူတို့လုပ်ခဲ့တဲ့ ကာလတစ်လျှောက်မှာ သူတို့တွေရဲ့ အတတ်ပညာ၊ ကျွမ်းကျင်မှု လူမှုရေး စွမ်းဆောင်ရည်တွေနဲ့ ကုမ္ပဏီကို တစ်ဆင့်ပြီး တစ်ဆင့်မြင့်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြတဲ့ အတွက်ကြောင့် တစ်တပ်တစ်အား ပါဝင်ခဲ့တဲ့ အတွက်ကြောင့် ကျေးဇူးတင်ပါတယ်။တစ်ချိန်တည်းမှာဘဲ အလုပ်တွေ ပြောင်းနိုင်တယ် ဆိုတာကို ဒို့တွေအနေနဲ့ နားလည်ထားပါတယ်။ အဲဒီအတွက်ကြောင့် ဒို့တွေရဲ့ရုံးမှာ ၀န်ထမ်းတွေကို Knowledge Sharing ဆိုတဲ့ Program တွေလုပ်ထားပါတယ်။ Knowledge Sharing ဆိုတာကတော့ ဒို့ကုမ္ပဏီမှာ ဒီလုပ်ငန်းတစ်ခုကို လူတစ်ယောက်တည်းက သိနေတယ် ဆိုတာမျိုး မဖြစ်အောင် အကြမ်းဖျင်းအားဖြင့် သူသိနေတဲ့ လုပ်ငန်းကို တစ်ခြားသူတွေပါ သိအောင် မျှဝေခြင်း အစီအစဉ်ဖြစ်ပါတယ်။ အဲလိုမျှဝေခြင်းအားဖြင့် သူတစ်ယောက်တည်း သိတယ်ဆိုတာမျိုး မရှိတော့ဘဲနဲ့ ကုမ္ပဏီမှာ ဒီကိစ္စတစ်ခုကို သိတဲ့သူ နှစ်ယောက် သုံးယောက်လောက် ရှိတာမျိုး ဖြစ်အောင် ဒို့တွေကြိုးစားပါတယ်။ ထိုနည်းအတူဘဲ ၀န်ထမ်းတွေ စွမ်းဆောင်ရည်မြှင့်ဖို့အတွက်ကို ဒို့တွေသင်တန်းတွေကို စဉ်ဆက်မပြတ် ကုမ္ပဏ်ီမှာလည်း ကျင်းပပါတယ်။ သင်တန်းတွေ တက်ဖို့လည်း စေလွှတ်ပါတယ်။ ထိုနည်းတူ ၀န်ထမ်းတွေ ကုမ္ပဏီမှာ ပျော်ဖို့အတွက်ကို ၀န်ထမ်းတွေကို ကုမ္ပဏီရဲ့ လုပ်ငန်းတွေထဲမှာ ကိုယ်ပိုင်လုပ်ငန်းကဲ့သို့ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက်ကို ဒို့ကုမ္ပဏီက လုပ်တဲ့ လုပ်ငန်းတွေကရရှိတဲ့ အကျိုးအမြတ်တွေကို ပြန်ပြီး ခွဲဝေပေးပါတယ်။ တဖြည်းဖြည်းနဲ့ ၀န်ထမ်းတွေဟာ ကုမ္ပဏီရဲ့ အကျိုးအမြတ်တွေကို ခွဲဝေခံစား ရရှိရုံတင်မက တဖြည်းဖြည်းနဲ့ လုပ်သက်ရင့်လာတဲ့အခါမှာ အတွေ့အကြုံတွေ များလာတဲ့အခါမှာ သူတို့တွေဟာ ဒို့ကုမ္ပဏီမှာ ပိုင်ရှင်တွေ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြပါတယ်။ အခုဆိုရင် ဒို့ကုမ္ပဏီမှာ Executive Director (၅) ယောက်ရှိပါတယ်။ အဲဒီ Executive Director (၅)ယောက်စလုံးဟာ ၀န်ထမ်းဘ၀ကနေ တတ်လာပြီးတဲ့အခါမှာ သူတို့တွေရဲ့ လုပ်နေတဲ့ လုပ်ငန်းကဏ္ဍအသီးသီးမှာ ကျွမ်းကျင်ကြပြီးတော့ သူတို့တွေရဲ့ လုပ်ငန်းတွေနဲ့ပက်သက်လို့ ဦးစီးဦးဆောင် ဆောင်ရွက်နိုင်ကြတဲ့ သူတွေဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့လည်း အစ်ကိုကိုယ်တိုင်လည်း ၀န်ထမ်းဘ၀က တက်လာတဲ့သူတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် အစ်ကိုနဲ့အတူ တက်လာကြတဲ့ ၀န်ထမ်းတွေ ညီအစ်ကိုမောင်နှမတွေ ဒို့တွေအားလုံး မိသားစုလို အလုပ်လုပ်ကြတဲ့အပြင် သူတို့တွေဟာ ဒီကုမ္ပဏီရဲ့ ပိုင်ရှင်တွေ ဖြစ်လာကြပါတယ်။ အဲဒီလို ကုမ္ပဏီရဲ့ပိုင်ရှင်တွေ ဖြစ်လာကြတဲ့အခါမှာ
ဒီကုမ္ပဏီဟာ တစ်ဦးတစ်ယောက်ပိုင် ကုမ္ပဏီမဟုတ်တော့ဘဲနဲ့ သူတို့လည်း ပိုင်တဲ့အတွက်ကြောင့် ဒီကုမ္ပဏီမှာ
သူတို့ဆက်ပြီးတော့ ရှင်သန်ဖို့အတွက်ကို ဒီကုမ္ပဏီဆက်လက်ရှင်သန်ဖို့ ဒီကုမ္ပဏီအောင်မြင်ဖို့အတွက်ကို အားလုံးဝိုင်းပြီးတော့ ဆောင်ရွက်ကြခြင်းအားဖြင့် ဒီဝန်ထမ်းပြောင်းရွှေ့မှုတွေကို ဖြေရှင်းပြီးသားလည်းဖြစ်သွားပါတယ်။


Q: လုပ်ငန်းတိုင်းမှာ ၀န်ထမ်းပြောင်းရွှေ့တာတွေကြုံနေရတာတွေ့ရပါတယ်။ အဲသည့်အပေါ် ကုမ္ပဏီ အနေဖြင့် ဘယ်လိုလုပ်ဆောင်ချက်တွေလုပ်သလဲဆိုတာပြောပြပါလား။

A: ကျောင်းပညာရေးထူးချွန်တဲ့သူတွေဟာ လုပ်ငန်းခွင်ထဲဝင်ရောက်တဲ့အခါမှာ အလုပ်လုပ်တဲ့အခါမှာ ခုနကပြောတဲ့နည်းပညာဆိုင်ရာ အတတ်ပညာဆိုင်ရာ ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု ပညာပိုင်းဆိုင်ရာ အခြေခံကောင်းတစ်ခုကိုရရှိပြီးဖြစ်ပါတယ်။ အဲဒီအခြေခံကောင်းပေါ်မှာ လူရည်လူသွေးကောင်းမွန်ဖို့ အတွက် personality
communication, personality development ဒါမျိုးတွေကို ထပ်ပြီးဖြည့်ပေါင်းလိုက်မယ်ဆိုရင်
သူတို့အတွက်အောင်မြင်ဖို့အခြေအနေတော်တော်ကောင်းသွားမှာပါ အဲဒီကမှတစ်ဆင့် ထပ်ပြီးတော့သူ့ရဲ့တွေးပုံခေါ်ပုံ သူ့ရဲ့
အမြော်အမြင်ကြီးမှု ဒါတွေအတွက်ကို သူ့ဆီမှာ ရည်မှန်းချက်ရှိမယ် ၊ အောင်မြင်လိုစိတ်ရှိမယ် ၊ သူ့ဆီမှာရိုးသားပြီးတော့
ကြိုးစားလိုစိတ်ရှိမယ်၊ အဲလိုမျိုးဆိုရင်တော့ သူခုနအခြေခံကောင်းတွေပေါ်မှာ လိုအပ်တဲ့လူရည်လူသွေး သူ့ရဲ့စိတ်နေစိတ်ထား ရည်မှန်းချက်တွေပေါင်းလိုက်တဲ့အခါမှာတော့ အလွန်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာမှာပါလို့ ပြောချင်ပါတယ်။


Q: ပညာရေးနှင့်အလုပ်ဆက်စပ်မှုအပေါ် ကိုယ်ပိုင်အမြင်သို့ခံယူချက်ရှိလျှင် ပြောပြပေးပါလား ရှင်။

A: ပညာရေးနဲ့ အလုပ် ဆက်စပ်ပါတယ်။ ပညာရေးကတော့ များသောအားဖြင့် အခြေခံသီအိုရီတွေ၊ အခြေခံ အကြောင်းအရာ တွေကို ကိုယ့်အတွက် စဉ်းစားစရာ တွေးခေါ်စရာ ဖြစ်အောင် ပေးပါတယ်။ အလုပ် တစ်ကယ်လုပ်တဲ့ အခါမှာ အလုပ်က လက်တွေ့ လုပ်ရတာ ဖြစ်ပါတယ်။ အဲတော့ အခြေခံ သီအိုရီတွေ အခြေခံအကြောင်းအရာတွေနဲ့ လက်တွေ့လုပ်ရတဲ့အခါမှာ
ပေါင်းစပ်ပြီး လုပ်ရဖို့ လိုပါတယ်။ အဲလိုပေါင်းစပ်ပြီး လုပ်နိုင်ဖို့အတွက်ကို ပညာရေး မရှိလို့လည်းမရပါဘူး။ ပညာတွေတတ်ပြီး
ရင်လည်း အလုပ်ကို လက်တွေ့ တစ်ကယ်ပေါင်းစပ်ပြီး လုပ်ဖို့အတွက်ကို ခံယူချက် တစ်ကယ့်လက်တွေ့
နီးစပ်တဲ့ ခံယူချက်ရှိဖို့လိုပါတယ်။ အဲတော ပညာရေးနဲ့အလုပ် ဆက်စပ်ပြီး လုပ်ဖို့ အရေးကြီးတယ်လို့ ခံယူပါတယ်။


Q: ၀န်ထမ်းကောင်းတဦးဖြစ်ဖို့ဆိုတာ အခြေခံအားဖြင့်ရှိသင့်တယ်လို့ ယူဆသော အချက်တွေကို ဖော်ပြ ပေးပါလားရှင်။

A: ၀န်ထမ်းကောင်းတစ်ဦး ဖြစ်ဖို့အတွက် အခြေခံအားဖြင့်တော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းနဲ့ ပက်သက်တဲ့ ခုနတုန်းက ပြောခဲ့တဲ့ အတတ်ပညာပိုင်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ အခြေခံ ခိုင်မာတောင့်တင်းဖို့ လိုပါတယ်။ အဲတော့ ကိုယ်လုပ်နေတာ
ကွန်ပျူတာပိုင်းဆိုင်ရာဆိုရင် ကွန်ပျူတာနဲ့ ပက်သက်တဲ့ နည်းပညာတွေ အတတ်ပညာတွေကို ပြည့်စုံစွာ ကျွမ်းကျင် တတ်မြောက်ဖို့ အရေးကြီးပါတယ်။ ကိုယ်လုပ်နေတာ စာရင်းကိုင်ဆိုရင် စာရင်းအင်းစီမံခန့်ခွဲမှု စာရင်းကိုင်ပညာရပ်နဲ့ ပက်သက်တဲ့ အခြေခံတွေ ခိုင်မာတောင့်တင်းဖို့ လိုပါတယ်။ အဲဒီကနေမှ နောက်တစ်ဆင့်မှာတော့ ကိုယ်ရည်ကိုယ်သွေး မြင့်မားဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ personality၊ personal skills နောက်တစ်ခါ Inter personal skills တစ်ဦးနဲ့တစ်ဦး ပြောဆိုတာ ဆက်ဆံတာ ၀တ်တာ စားတာ၊ နေတာထိုင်တာ၊ သွားတာလာတာ၊လုပ်တာကိုင်တာ အစရှိသဖြင့် personality , personal skills အားကောင်းဖို့ အရေးကြီးပါတယ်။ နောက်ဆုံးတစ်ဆင့်ကတော့ ကုမ္ပဏီက ဘာလုပ်နေတာလဲ၊ ကိုယ့်ရည်မှန်းချက်က ဘာလဲ ၊ ကိုယ့်ရည်မှန်းချက်နဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက် ကိုက်ညီဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ကုမ္ပဏီရဲ့ ရည်မှန်းချက်နဲ့ ညှိယူဖို့လည်း အရေးကြီးပါတယ်။ ညှိယူတတ်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် ကိုယ်ကအနာဂတ်မှာ ကွန်ပျူတာနဲ့ ပက်သက်ပြီးတော့ ကွန်ပျူတာလုပ်ငန်း တစ်ခုကို ထူထောင်ချင်တယ် ဆိုရင် အခုဒီမှာ ဒီကုမ္ပဏီမှာလုပ်နေစဉ်အခိုက်မှာ ကွန်ပျူတာပညာရပ် ဆိုင်ရာတွေကို ကျွမ်းကျင်ဖို့ လေ့လာဖို့ လိုသလို ကွန်ပျူတာ နည်းပညာလုပ်ငန်း တစ်ခုကို တည်ထောင်မဲ့အခါမှာ လိုအပ်လာမဲ့ စီမံခန့်ခွဲမှု၊ လိုအပ်လာမဲ့ ဈေးကွက်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ လိုအပ်လာမဲ့ ငွေရေးကြေးရေး ဆိုင်ရာ စီမံခန့်ခွဲမှု ဒါတွေကိုလေ့လာဖို့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းထဲမှာဘဲ လေ့လာဖို့ ကြိုးစားအားထုတ်ဖို့ လိုပါတယ် အစရှိသဖြင့် ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ ကုမ္ပဏီရဲ့ဦးတည်ချက်ကို ဆက်စပ်နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါဆိုရင် ၀န်ထမ်းကောင်း တစ်ယောက် နောက်ပြီးတော့ ကိုယ့်အတွက်လည်း ပျော်ရွှင်တဲ့လုပ်ငန်း ဖြစ်မှာပါ။


Q: လက်ရှိဝန်ထမ်းခေါ်ယူများ

ဤနေရာတွင်ကြည့်ပါ။


အင်တာဗျူးဆောင်းပါး အပိုင်း၁ ဖတ်လိုလျှင်


ခုလို အတွေ့အကြုံ၊အမြင်၊ဗဟုသုတတွေကို ဖလှယ်ပေးတဲ့အတွက် Dream Job Myanmar မှ အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်


Date of Birth: 1972

Nationality: Myanmar

Education: (1) B.E (Electronic), Yangon Institute of Technology (YIT) (2) 2002~2004: MBA (3) 2008~2009: International Development, Humphrey Fellowship Program, U.S.A. (4) 2012~now: Studying for Ph.D, Human Resource and Organizational Development

Career: Managing Director, Mandalay Technology Co., Ltd. (Technology for Development)