Zaw Naing
Mandalay Technology Co., Ltd.

အပိုင်း (၁)

Q: ဘယ်လိုလုပ်ငန်းမျိုးကိုလုပ်ကိုင်နေပါသလဲရှင်။ ကုမ္ပဏီအကြောင်း အကျဉ်းချူံးမိတ်ဆက်ပေးပါ လားရှင်။

A: Technology) လို့ခေါ်တဲ့ သတင်းအချက်အလက် နည်းပညာရယ်၊ နောက်တစ်ခြား Engineering Technology လို့ခေါ်တဲ့
အင်ဂျင်နီယာဆိုင်ရာနည်းပညာနဲ့ ပတ်သက်တာတွေ လုပ်ဖြစ်ပါတယ်။ ကုမ္ပဏီ Motto ကတော့ Technology of Development ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအားဖြင့် အထောက်အကူပြုဖို့ ရည်ရွယ်ပါတယ်။


Q: ဘယ်လိုလုပ်ငန်းမျိုးကိုလုပ်ကိုင်နေပါသလဲရှင်။ ကုမ္ပဏီအကြောင်း အကျဉ်းချူံးမိတ်ဆက်ပေးပါ လားရှင်။

A: Technology) လို့ခေါ်တဲ့ သတင်းအချက်အလက် နည်းပညာရယ်၊ နောက်တစ်ခြား Engineering Technology လို့ခေါ်တဲ့
အင်ဂျင်နီယာဆိုင်ရာနည်းပညာနဲ့ ပတ်သက်တာတွေ လုပ်ဖြစ်ပါတယ်။ ကုမ္ပဏီ Motto ကတော့ Technology of Development ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအားဖြင့် အထောက်အကူပြုဖို့ ရည်ရွယ်ပါတယ်။


Q: လက်ရှိ ထူးထူးခြားခြား အားစိုက်ပြီးလုပ်နေတဲ့အပိုင်းမျိုး ပရောဂျက်မျိုးရှိတယ်ဆိုလျှင် ဘယ်လိုအပိုင်းမျိုးကို လုပ်နေပါသလဲရှင်။

A: ဒီနေ့ခေတ် မြန်မာနိုင်ငံဟာ ယခင် ဆိုရှယ်လစ် စီးပွားရေးစနစ်၊ တပ်မတော်ကနေ ဦးဆောင်တဲ့ နိုင်ငံရေးစနစ် တံခါးပိတ် စီးပွားရေးစနစ်ကနေ ဒီမိုကရေစီစနစ် နောက် ဈေးကွက်စီးပွားရေးစနစ်တွေကို ကူးပြောင်းလာတဲ့အလျောက် တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံသူတွေ အများကြီးဝင်လာပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေမှာလည်း အခင်းအကျင်းတွေ ပြောင်းလာသလို ဈေးကွက်တွေလည်း ပုံစံအမျိုးမျိုး ပြောင်းလဲလာပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့လည်း အဲဒီလို ပြောင်းလဲမှုတွေကို မျက်ခြေမပျက် စောင့်ကြည့်ပြီးတော့ လုပ်ငန်းတွေကိုလဲ ခေတ်နှင့်အညီ လိုက်ပြောင်းပေးရပါတယ်။ 1998 ခုနှစ်ကတည်းက စပြီးလုပ်လာတဲ့ GIS တို့ Remote Sus တို့ စတဲ့ နည်းပညာလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေသလို လုပ်ငန်း အသစ်တွေကိုလည်း လုပ်ဆောင်နေပါတယ်။ GIS, Remote Sus တို့ဆိုတာ ကောင်းကင်ဓာတ်ပုံ၊ ဂြိုလ်တုဓာတ်ပုံ၊ မြေပုံတွေ ထုတ်ခြင်း ၊ ပထ၀ီဝင် သတင်းအချက်အလက် စနစ် ဒါမှမဟုတ် ကွန်ပျူတာသုံး သတင်းအချက်အလက် မြေပုံစနစ်လို့ ဆိုရမယ့် စနစ်တွေနဲ့ နောက်ပြီး GPS နှင့် Mobile Phone တွေမှာ မြေပုံတွေကို ထည့်သွင်းတဲ့လုပ်ငန်းတွေကို လုပ်တာပါ။ ဒါ့အပြင် အစိုးရဌာနဆိုင်ရာ လုပ်ငန်းအသီးသီး ဥပမာအားဖြင့်- စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြို့ပြစီမံကိန်း ရေးဆွဲခြင်း၊ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း စတဲ့ လုပ်ငန်းတွေရဲ့ သတင်းအချက်အလက်တွေ၊ မြေပုံတွေ နဲ့ဆက်စပ်ပြီး သုံးတဲ့စနစ်တွေကိုလည်း ပြုလုပ်ပါတယ်။ Remote Sus ဆိုတဲ့နည်းပညာကတော့ ကောင်းကင်ဓာတ်ပုံ၊ ဂြိုလ်တုဓာတ်ပုံတွေ ရိုက်ပြီး လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရယူခြင်း၊ မြေပုံတွေရေးဆွဲခြင်းတွေ လုပ်ဆောင်ပါတယ်။ GISတို့ Remote Susတို့ကို ဆက်လက် လုပ်နေသော်လည်း အရင်က အစိုးရနဲ့လုပ်တာ များပါတယ်။ အခုနောက်ပိုင်းတော့ ပုဂ္ဂလိက ကုမ္ပဏီတွေ တော်တော်များများနဲ့ လုပ်ဖြစ်ပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ လိုအပ်ချက်တွေကို ဒီနည်းပညာတွေနဲ့ ဖြည့်ဆည်း ဆောင်ရွက်ပေးနေပါတယ်။

ဒီနည်းပညာတွေအပြင် တစ်ခြား တိုးချဲ့လာတဲ့ လုပ်ငန်းကတော့ Engineering Education System ပါ။ အဓိကအားဖြင့်တော့ တိုင်းပြည်မှာ သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ပညာရေးကဏ္ဍအပြင် Engineer သိပ္ပံ နဲ့ နည်းပညာ သင်ကြားရေးကဏ္ဍတွေမှာ သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းဖို့ ရည်ရွယ်ပြီးတော့ အဲဒီလုပ်ငန်းကို ဝင်လုပ်ခဲ့တာပါ။ အခုတော့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အောက်ကတက္ကသိုလ်တွေ၊ ကောလိပ်တွေအပြင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန အစရှိတဲ့ အခြား
ဝန်ကြီးဌာနတွေ အောက်က နည်းပညာဆိုင်ရာ တက္ကသိုလ်နှင့် ကောလိပ်တွေမှာလည်း သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ တင်သွင်းပြီးတော့ လိုအပ်တဲ့သင်တန်းတွေ ပို့ချပေးတာ၊ နည်းပညာဆိုင်ရာ အထောက်အကူပြု လုပ်ငန်းတွေ ဆောင်ရွက်တာတွေကို ပြုလုပ်နေပါတယ်။

နောက်ထပ် တိုးချဲ့လာတဲ့ စီးပွားရေးလုပ်ငန်း ကဏ္ဍတစ်ခုကတော့ Engineering consultancy လို့ခေါ်တဲ့ အင်ဂျင်နီယာ နည်းပညာနဲ့ အကြံပေးလုပ်ငန်းတွေပါ၊၊ ဒို့မြန်မာနိုင်ငံမှာ အင်ဂျင်နီယာ အကြံပေးလုပ်ငန်းတွေ မရှိခဲ့ပါဘူး။ ကျွန်တော်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှာ အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦး အနေဖြင့် ရှိနေစဉ်ကာလမှာ ယခင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရဲ့ ဥက္ကဌဟောင်းဖြစ်တဲ့ ဆရာဦးသန်းမင်းက ပြောဖူးပါတယ်၊၊ Engineering consultancy Company တွေ ထောင်ကြဖို့ အရေးကြီးကြောင်းနှင့် လိုအပ်ကြောင်း ပြောဖူးပါတယ်။ ဒါပေမဲ့ ဒို့နိုင်ငံမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရှိတယ်။ ပိုင်ရှင်တွေကလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေကို အပ်တယ်။ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း ကျသလောက် တွက်ပြီးတော့ တောင်းတယ်။ ဈေးညှိပြီးတော့ ဆောက်ကြတယ်။ အဲသလိုဘဲ ရှိပါတယ်။ consultant တွေမရှိပါဘူး။ ဒါပေမဲ့ အခု နိုင်ငံတကာက လုပ်ငန်းတွေ ၀င်လာတဲ့အခါမှာတော့ နိုင်ငံတကာလုပ်ငန်းတိုင်းလိုလိုဟာ ပိုင်ရှင်နဲ့ ဒီဆောက်လုပ်သူတွေ ကြားထဲမှာ Engineering Consultant တွေ အင်ဂျင်နီယာ အကြံပေးတွေ ခန့်အပ်ပြီးတော့ ဆောင်ရွက်ကြပါတယ်။ အဲ့လိုနေရာ ကွက်လပ်ကို ဒို့တွေဝင်ပြီးတော့ ဖြည့်စွက်ဆောင်ရွက်ခြင်းပါ။ ဒါပေမဲ့လည်း ဒို့တွေက အရင်တည်းက Engineering consultant တွေအနေဖြင့် လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ မရှိတဲ့အတွက်ကြောင့် နိုင်ငံတကာက ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လုပ်ရပါတယ်။

ပထမဆုံး ပူးပေါင်းဖြစ်တဲ့ ကုမ္ပဏီက နယ်သာလန်နိုင်ငံ Royal Haskoning DHV ကုမ္ပဏီနှင့် ပူးပေါင်းပြီး လုပ်ပါတယ်။ ဒုတိယကုမ္ပဏီအနေဖြင့် ဂျပန်နိုင်ငံက Yamashita Sekkei ကုမ္ပဏီနှင့် ပူးပေါင်းပြီး လုပ်ပါတယ်။ တတိယ ကုမ္ပဏီအနေဖြင့် ဗီယက်နမ် နိုင်ငံက Indochine Consulting ကုမ္ပဏီနှင့် ပူးပေါင်းပြီး လုပ်ပါတယ်။ ယခု ထိုင်းမှ ကုမ္ပဏီတစ်ခုနှင့်လည်း စကားပြောနေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒို့နိုင်ငံမှာ ဒီလုပ်ငန်းဟာ အရင်ကမရှိခဲ့ပါဘူး၊၊ ဒို့တွေ ဒီလုပ်ငန်းကိုဝင်ဖို့ လုပ်တဲ့အခါ ပြောရရင်ဘာမှမတတ်ပါဘူး။ ဒါကြောင့် တတ်တဲ့သူတွေဆီကနေ လေ့လာပြီး သင်ယူဖို့အတွက်ကို အခုလိုမျိုး နိုင်ငံတကာက လုပ်ဖော်ကိုင်ဖက် ပါတနာတွေနှင့်အတူ တွဲလုပ်ဖို့ ပူးပေါင်းခဲ့ပါတယ်။ အဲလိုပူးပေါင်းတဲ့အတွက်ကြောင့် သူတို့တွေအနေနဲ့ မြန်မာနိုင်ငံဈေးကွက်သို့ ဝင်လာဖို့ လွယ်ကူသွားသလို ဒို့တွေအနေဖြင့်လည်း သူတို့တွေဆီကနေ နည်းပညာ အတတ်ပညာတွေ Technology Transfer ဆိုတာမျိုး ရပါတယ်။ Capacity Building ဆိုတာမျိုး ဒို့တွေက သူတို့နဲ့အတူ တွဲလုပ်ရင်း သင်ယူခွင့် ရပါတယ်။ ဒီ့အတွက်ကြောင့် သူတို့လည်းကောင်း၊ ဒို့တွေလည်းကောင်းသူတို့တွေလည်း အောင်မြင် ဒို့တွေလည်းအောင်မြင် ဆိုတဲ့ win-win situation ကို ဦးတည်သွားနိုင်ပါတယ်။ Engineering consultancy လုပ်ငန်းတွေက အခုအခါမှာ အများကြီး လုပ်နေရပါတယ်။ နိုင်ငံတကာက ဝင်လာတဲ့ Foreign Direct Investment စီးပွားရေးလုပ်ငန်းတွေ တော်တ်ာများများဟာ ဒို့နိုင်ငံအကြောင်း သိတန်သလောက် သိသည်မှန်သော်လည်း ဒို့နိုင်ငံက နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ အတွက်ကို ဒို့ Mandalay Technology ကနေ တာဝန်ယူ ဆောင်ရွက်ပြီး၊ Engineering ဆိုင်ရာ Design နှင့် Engineering နည်းပညာ အထောက်အကူပြု ကြီးကြပ်ကွပ်ကဲမှုတွေ ကိုတော့ ဒို့နိုင်ငံကုမ္ပဏီတွေနှင့် တွဲပြီးတော့ လုပ်နေပါတယ်။

လုပ်နေတဲ့လုပ်ငန်းတွေ ပြောရရင် နယ်ပယ် တော်တော်များများ လုပ်ဖြစ်ပါတယ်။ ဥပမာအားဖြင့် Myanmar Brewery Limited ဆိုတဲ့ Tiger Beer, Myanmar Beer ထုတ်တဲ့စက်ရုံရဲ့ တိုးချဲ့ခြင်းလုပ်ငန်းတွေမှာ Engineering ပိုင်းဆိုင်ရာ ကြီးကြပ် ကွပ်ကဲမှုခြင်း၊ HENEIKEN ဘီယာစက်ရုံအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ Design နှင့် ကြီးကြပ်ကွပ်ကဲမှုများ၊ နောက်ပြီးတော့ Project Management လုပ်ငန်းတွေ လုပ်ပါတယ်။ ထိုနည်းတူ ဆိပ်ကမ်းတွေ ဆောက်ဖို့အတွက် ဒီဇိုင်းတွေ ဥပမာအားဖြင့် Mandalay မြို့မှာ Mandalay မြို့သား ဆိပ်ကမ်းစီမံကိန်းအတွက် ဆိပ်ကမ်းဒီဇိုင်း ရေးဆွဲပေးခဲ့ပါတယ်။ အဲဒီဆိပ်ကမ်း တည်ဆောက်ဖို့ အတွက်ကိုလည်း Project management Design, Project Management Services တွေကို လုပ်ပေးပါတယ်။ ထိုနည်းတူ သီလ၀ါမှာ ဆောင်ရွက်နေတဲ့ ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းတွေမှာလည်း ဒီဇိုင်း ရေးဆွဲတာ နောက်ပြီးတော့ Project Supervision ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကြီးကြပ်တာဒီလုပ်ငန်းတွေကို လုပ်ပါတယ်။
ထိုနည်းတူဂျပန်နိုင်ငံကနေ အခုရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့အတွက်ကို ဂျပန်နိုင်ငံကုမ္ပဏီတွေက လာရောက်လေ့လာပါသည်။
အဲဒီအခါမှာလည်း Facibility Studies ခေါ်တဲ့ဖြစ်နိုင်ချေရှိတဲ့ လေ့လာမှုတွေကို ဒို့တာဝန်ယူဆောင်ရွက်ပေးပါတယ်။ ထိုနည်းတူ ရေနက်ဆိပ်ကမ်းနဲ့ပက်သက်တဲ့လုပ်ငန်းတွေကိုလည်း ရေနက်ဆိပ်ကမ်းပိုင်းဆိုင်ရာ ဥပမာအားဖြင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို သွားရောက် လေ့လာပြီးတော့ ဖြစ်နိုင်ချေရှိတဲ့ Facibility Studies တွေကိုလုပ်ပါတယ်။ ထိုနည်းတူ အခု မွန်ပြည်နယ်ကုလားကုပ်နားက ရေနက်ဆိပ်ကမ်းနဲ့ပက်သက်ပြီးတော့လည်း ဖြစ်နိုင်ချေလေ့လာမှုတွေလုပ်ဖို့အတွက်ကို ဒို့လုပ်နေပါတယ်။ ထိုနည်းတူ ထားဝယ်နားမှာလည်းစက်မှုဇုံတွေ တည်ဆောက်ဖို့အတွက်ကို ဒို့လိုအပ်တဲ့ဝန်ဆောင်မှု လုပ်ငန်းတွေကိုလုပ်ပေးပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဧရာဝတီတိုင်းမှာ ပုသိမ်နားမှာ Super Axis လို့ခေါ်တဲ့ Project တစ်ခုစပြီးလုပ်ဖို့လုပ်နေပါတယ်။ အဲဒီအတွက်ကို Pre Facibility Studies လို့ခေါ်တဲ့ စဦးဖြစ်နိုင်ချေ လေ့လာမှု လုပ်ငန်းတွေကို လုပ်ခဲ့ပါတယ်။ ထိုနည်းတူ ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်မဲ့ ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ဆေးရုံစီမံကိန်းတွေမှာလည်း အကြံပေး National Consultant တွေအနေနဲ့ ပါဝင်ပြီးတော့ ဆောင်ရွက်လျှက် ရှိပါတယ်။ Yamashita Sekkei Consulting ခေါ်တဲ့ Japan Consultant Company က ဂျပန်နိုင်ငံ International Operation Agency ရဲ့ Project တွေကိုတာဝန်ယူပြီး ဆောင်ရွက်တဲ့အခါမှာ မြန်မာ Local Partner အနေနဲ့ ဒို့ Mandalay Technology က ပါဝင် ဆောင်ရွက်ပါတယ်။ ထိုနည်းတူ Mandalay Technology မှာရှိတဲ့ Myanmar Engineering တွေက Consultant တွေအနေနဲ့ Mechanical Electronic Electrical နောက်တစ်ခါ Silver Engineering Consultant တွေအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက် ပါတယ်။ သူတို့တွေအနေနဲ့လည်း ဒီလုပ်ငန်းတွေကို ဒို့တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အတွက်ကြောင့် အဆင်ပြေ လွယ်ကူသလို ဒို့တွေအနေနဲ့လည်း အတွေ့အကြုံတွေ အများကြီးရပါတယ်။ ထိုနည်းတူ ဒို့ဆီမှာနောက်ထပ် လုပ်ငန်းတစ်ခုက အခုဆိုရင် Integrated Water Resources Management ဆိုတဲ့နိုင်ငံတော်အဆင့် ရေအရင်းအမြစ် ဘက်စုံ အသုံးချမှု စီမံခန့်ခွဲမှုစနစ် ဆိုတဲ့ လုပ်ငန်းတစ်ခုကို Strategic Studies (မဟာဗျူဟာမြောက်လေ့လာမှု) လုပ်နေပါတယ်။ အဲဒီမှာလည်း ဒို့ Mandalay techonology အနေနဲ့ နယ်သာလန်နိုင်ငံက Company၊ အခြားသော Consultant Company တွေနဲ့ ပူးပေါင်း ပြီးတော့ ဒီမဟာဗျူဟာမြောက် လေ့လာမှုမှာ ပါဝင်ပြီးတော့ ဆောင်ရွက်လျှက်ရှိပါတယ်။ အစ်ကိုကိုယ်တိုင်အနေနဲ့ National Team Leader အနေနဲ့ အဲဒီလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်လျှက် ရှိပါတယ်။ ထိုနည်းတူ အဲဒီ လုပ်ငန်းအနေနဲ့ကတော့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊သံလွင်မြစ်စတဲ့ မြစ်ကြီးတွေ အသီးသီးက ရေတွေကို ဘက်စုံအသုံးချနိုင်ဖို့ ဥပမာအားဖြင့် စိုက်ပျိုးရေးအတွက် သော်လည်းကောင်း၊ ဓာတ်အားရရှိရေး အတွက်သော်လည်းကောင်း၊ နောက်ပြီးတော့ သယ်ယူ ပို့ဆောင်ရေး နှင့်မွေးမြူရေး အတွက် သော်လည်းကောင်း၊ ဘက်စုံအသုံးချနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် အဲဒီရေတွေတင်သာမက မြေအောက်ရေ၊ အင်းလေးကန်တို့၊ မိထ္တီလာကန်တို့က ရေတွေကို အသုံးချနိုင်ဖို့ အပြင် ရေတွေရဲ့အရည်အသွေး water quality တွေ ကျန်းမာရေးနဲ့ညီညွတ်ဖို့ အစရှိတဲ့ ရေနဲ့ဆိုင်တဲ့ ကိစ္စတွေအားလုံးကို ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ မဟာဗျူဟာမြောက် လေ့လာမှု လုပ်နေတာ ဖြစ်ပါတယ်။ အဲဒီမှာလည်း အစ်ကိုတို့ ကုမ္ပဏီအနေနဲ့ သော်လည်းကောင်း အစ်ကိုကိုယ်တိုင်အနေနဲ့ သော်လည်းကောင်း ပါဝင်ပြီးတော့ ဆောင်ရွက်လျှက် ရှိပါတယ်။

နောက်လုပ်ငန်း တစ်ခုကတော့ IT နည်းပညာတွေပေါ့၊၊ IT နည်းပညာဆိုတာက ဥပမာအားဖြင့် ကဏ္ဍအသီးသီးမှာ အသုံးချနေတဲ့ IT နည်းပညာတွေရှိပါတယ်။ ဥပမာ စိုက်ပျိုးရေးအတွက် အသုံးချတဲ့ နည်းပညာတွေ သစ်တောအတွက် အသုံးချတဲ့ နည်းပညာတွေ ဘဏ်တွေအတွက် အသုံးချတဲ့ နည်းပညာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘဏ်နဲ့ ပက်သက်တဲ့၊ စာရင်းဇယားဆိုင်ရာ၊ Hotelနဲ့ပက်သက်တဲ့ IT နည်းပညာတွေ တော်တော်များများကို မြန်မာပြည်က ကုမ္ပဏီတွေကလုပ်နေကြပါတယ်။ ဒါပေမဲ့ ဒို့ကုမ္ပဏီအနေနဲ့တော့ သူများတွေ မလုပ်တဲ့ကဏ္ဍတွေမှာ အဓိကတာဝန်ယူပြီး လုပ်လျှက်ရှိပါတယ်။ ဥပမာ သယ်ယူပို့ဆောင်ရေး နှင့် သစ်တောရေးရာကဏ္ဍ၊ အစရှိတဲ့ လုပ်ငန်းတွေမှာလိုအပ်တဲ့ IT နည်းပညာပိုင်းလို သူများတွေနဲ့မတူတဲ့ ဧရိယာတွေကို ရွေးပြီးလုပ်ပါတယ်။ ယှဉ်ပြိုင်မှုများတဲ့ နေရာတွေမှာ လူတော်တော် များများ ၀င်တိုးနေကြတာ ဖြစ်တဲ့အတွက်ကြောင့် ဒို့တွေဟာ ယှဉ်ပြိုင်မှုလည်းနည်းသလို ကျွမ်းကျင်တဲ့ လုပ်ငန်းတွေမှာ သီးသန့်ခွဲပြီးတော့ ITလုပ်ငန်းတွေလုပ်ပါတယ်။ ဥပမာ လေကြောင်းထိန်းသိမ်းမှုနဲ့ပက်သက်တဲ့ IT နည်းပညာတွေစသဖြင့်ပါ။ နောက်ဆုံး တစ်ခုကတော့ ဒို့တွေလုပ်နေတဲ့ လုပ်ငန်းတွေ အားလုံးအတွက် Technology Transfer ရဖို့ ဒို့က နိုင်ငံခြား ကုမ္ပဏီတွေဆီကနေ လုပ်နေသလို၊ နိုင်ငံခြားကုမ္ပဏီတွေဆီကနေTechnology Transfer တွေရဖို့ လေ့လာသင်ယူနေသလို မြန်မာပြည်မှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အစိုးရဌာန အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေ အကုန်လုံးကို သင်တန်းတွေ ပို့ချပေးပါတယ်။ ဒါတွေဟာ ဒို့တွေကုမ္ပဏီ အနေနဲ့ အခုလုပ်နေတဲ့ အပိုင်းတွေပါ။

အားစိုက်ပြီး လုပ်နေတာကတော့ အကုန်လုံးကို အားစိုက်ရပါတယ်။ လုပ်ငန်းသေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ
အကုန်လုံးကိုအားစိုက်ရပါတယ်။


Q: လောလောဆယ် ကုမ္ပဏီရဲ့လုပ်ဆောင်ချက်တွေထဲမှာ အားရကျေနပ်ခဲ့တဲ့မှတ်တိုင်၊ ဖြစ်ရပ် တွေရှိလျှင် ပြောပြပေးပါရှင်။

A: ပထမဆုံးတစ်ခုကတော့အမြဲတန်း ဒို့လုပ်နေတဲ့ နည်းပညာနယ်ပယ် နှင့် လုပ်ငန်းတွေမှာ သူများတွေ မလုပ်သေးတဲ့ လုပ်ငန်းမျိုးတွေကို ရှေ့ကနေ ဦးဆောင်ပြီးတော့ ထိုးဖောက်ပြီးတော့ လုပ်နိုင်ခဲ့တယ်။ ဒီအတွက်ကြောင့်လည်း သူများတွေရဲ့ ရှေ့မှာ ဦးဆောင်နိုင်ခဲ့သလို ဈေးကွက်ရဲ့ ဝေစု တော်တော်များများကိုလည်း ရနိုင်ခဲ့တယ်။ ဒို့လုပ်နေတဲ့ လုပ်ငန်းထဲမှာ ဥပမာအားဖြင့် GIS တို့ Remote Sensingတို့ လုပ်ငန်းတွေမှာ ဆိုလည်း ရှေ့ဆုံးက ဦးဆောင် Company တွေထဲမှာ
တစ်ခုအနေနဲ့ ဦးဆောင်ပြီး လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် GIS Remote Sensing လို့ပြောလိုက်ရင် လူတိုင်းက Mandalay Technology ကို သိကြသလို ဆက်သွယ်လာကြတယ်။ ထိုနည်းတူဘဲ Engineering consultancy ဆိုလည်း သူများတွေ မလုပ်ခင်မှာဘဲ စလုပ်ခဲ့တဲ့အတွက်ကြောင့် အခုဆိုရင် အရှိန် ကောင်းကောင်းရနေပြီ။ ဒါ့အပြင် မြန်မာနိုင်ငံက Engineering consultancy Company တွေ အားနည်းနေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အတွက်ကြောင့် ဒို့တွေအနေနဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ခန်းတစ်ကဏ္ဍကနေ ပါဝင်ဆောင်ရွက်ရတာကို ကျေနပ်မိတယ်။ နောက်တစ်ခါ တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ကိစ္စဟာ အလွန်အရေးကြီးပါတယ်။ တိုင်းပြည် နိုင်ငံရေး၊ စီးပွားရေးကဏ္ဍ တွေမှာ အပြောင်းအလဲတွေ အရှိန်အဟုန်နဲ့ လုပ်နေတဲ့အချိန်မှာ လူငယ်တွေ၊ လူရွယ်တွေ၊ လူလတ်တွေရဲ့ ကျွမ်းကျင်မှု စွမ်းရည်တွေ အရေးကြီးပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှု စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ကို ဟိုးငယ်စဉ် ကလေးဘ၀ကတည်းက ပညာရေးကောင်းခဲ့ဖို့ စဉ်းစားပုံ စဉ်းစားနည်း၊ တွေးခေါ်ပုံ တွေးခေါ်နည်း၊ နောက်ပြီး လေ့လာသင်ယူမှု အပိုင်းတွေမှာ အားကောင်းခဲ့ဖို့ လိုပါတယ်။

ထိုနည်းတူ တက္ကသိုလ်တွေ၊ ကောလိပ်တွေမှာလည်း သင်ကြားမှုနည်းစနစ်တွေ သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ
ပြည့်စုံဖို့ လိုပါတယ်။ အဲဒီ့အတွက် ဒို့တွေလိုအပ်တဲ့ ကွက်လပ်တွေကို တစ်ထောင့် တစ်ကဏ္ဍကနေ ဖြည့်ဆည်း ဆောင်ရွက်တဲ့ အနေနဲ့ ခုနပြောခဲ့တဲ့ Engineering နဲ့ နည်းပညာဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေကို အခုသက်ဆိုင်ရာ တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ ကျောင်းတွေကို ဖြည့်ဆည်း တင်သွင်းခွင့် ရနေတဲ့အတွက်ကြောင့် ဝမ်းသာရပါတယ်၊၊ နိုင်ငံရဲ့ အနာဂတ် အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ဆောင်ရွက် နေခွင့်ရတာ ဖြစ်လို့ အားရကျေနပ်မိပါတယ်။ ဒို့တွေရဲ့ လုပ်ငန်းတွေထဲမှာ GIS နဲ့ Remote Sensing နဲ့ ပက်သက်ပြီး လုပ်နေရင်းကနေ နာဂစ်ဆိုင်ဂလုန်းမုန်တိုင်း တိုက်တဲ့အခါမှာ ထိခိုက်ပျက်စီးခဲ့ရတဲ့ ဒေသတွေကို သွားပြီးတော့ ဒို့ကုမ္ပဏီဟာ တစ်ခြားကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့အတူ ဒါနတွေသွားပြီး ပြုခဲ့ကြတာ သွားရောက် ကူညီခဲ့ ကြတာတွေရှိခဲ့သလို ဒို့ကုမ္ပဏီအနေနဲ့ ဒို့တတ်ကျွမ်းတဲ့ GIS Remote Sensing နည်းပညာနဲ့ ဘာကူညီနိုင်မလဲ ဆိုပြီးတော့ သုံးသပ်ခဲ့တဲ့အခါမှာ ဒီသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ နောက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ GIS Remote Sensing နည်းပညာတွေနဲ့ အထောက်အကူ ပြုနိုင်တယ်ဆိုတာ တွေ့ရတဲ့ အတွက်ကြောင့် အဲဒီ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီးတဲ့အခါမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် GIS နဲ့ Remote Sensing နည်းပညာ ဆိုင်ရာ ပညာရပ်တွေကို ပို့ချခဲ့ပါတယ်။ အဲဒီအခါမှာ အစိုးရဌာန အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေ၊ လူ့အဖွဲ့အစည်းတွေ တက္ကသိုလ်တွေ ကျောင်းတွေကနေသင်တန်းသူသင်တန်းသား ရာပေါင်းထောင်ပေါင်းများစွာ ဒီသင်တန်းတွေ လာတက်ခဲ့ကြပါတယ်။
အဲဒီသင်တန်းတွေကို စဉ်ဆက်မပြတ် ပို့ချခဲ့တဲ့အတွက်ကြောင့် ၂၀၁၂ ခုနှစ်မှာ အာဆီယံအရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံကနေ ပထမဆုံး IT အာဆီယံ ICT Award ချီးမြှင့်တဲ့အခါမှာ ဒို့ကုမ္ပဏီကို အာဆီယံ ICT Award, Gold Award ရွှေတံဆိပ်ဆုချီးမြှင့်ခဲ့ပါတယ်။ အဓိကအခန်းကဏ္ဍကတော့ Cooperate Social Responsibility (CSR) လို့ခေါ်တဲ့ ကုမ္ပဏီတွေ corporation တွေအနေနဲ့ လူမှုရေးတာဝန်ယူမှုရှိတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ ချီးမြင့်ပေးအပ်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဆီယံ ICT Award ဆုရတဲ့ကုမ္ပဏီမှာ အစ်ကိုတို့ Mandalay Technology တစ်ခုဘဲရှိပါတယ်။ အဓိကအားဖြင့် Gold Award ရတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ အဲဒီလိုမျိုး ဆုရခဲ့တဲ့ အတွက်ကြောင့်လည်း အသိအမှတ်ပြုခံရခြင်းဖြစ်တဲ့ အတွက်ကြောင့်လည်း ကျေနပ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ အသိအမှတ်ပြုခြင်းခံရခြင်း နှင့်အတူ CSR ဆိုတဲ့ကုမ္ပဏီ၊ စီးပွားရေး အဖွဲ့အစည်းတွေ အနေနဲ့ စီးပွားရေး တာဝန်ယူမှုရှိဖို့ကို တာဝန်ပေးခံရတယ်လို့ ခံစားမိပါတယ်။ CSR လူမှုရေးတာဝန်ယူမှုနဲ့ပက်သက်ပြီးတော့ ကုမ္ပဏီအတွင်းက သော်လည်းကောင်း၊ တစ်ခြားအဖွဲ့အစည်းဝင်တွေနဲ့ သော်လည်းကောင်း၊ ဒို့တွေ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါတယ်။ CSRကို စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ လူမှုရေးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ယူမှုတွေ ရှိဖို့အတွက်ကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါတယ်။

ဒါကြောင့်လည်းအများသိခဲ့တဲ့အတိုင်းဘဲ ဒို့ CSR Asia ကကျင်းပတဲ့ CSR Summit 2014 Tokyo မှာ ကျင်းပခဲ့တာမှာ အစ်ကိုသွားပြီးတော့ Key Note Special အနေနဲ့ သွားပြီးတော့ ပြောပြခဲ့ပါတယ်။ CSR ဆိုတာဘာလဲ မြန်မာကုမ္ပဏီတွေအနေနဲ့ CSR ဆိုတာကို ဘယ်လို ကျင့်သုံးနေပါသလဲ၊ ဂျပန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လာလုပ်တဲ့အခါမှာကော ဘယ်လိုမျိုး CSR တွေရှိသင့်သလဲဆိုတာ အစ်ကိုသွားပြီးရှင်းပြခဲ့ပါတယ်။ ထိုနည်းတူ နိုင်ငံတာကာက ဖိတ်ကြားတဲ့ CSR ဆိုင်ရာ ပွဲတွေမှာ Conference တွေမှာ သွားပြီးတော့ တက်ရောက်တာမျိုး၊ ရှင်းလင်းဟောပြောတာမျိုးတွေ မကြာခဏလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဓိကအရေးကြီးဆုံးကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကိုလည်း တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းမျိုး တာဝန်ယူမှုရှိတဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စဉ်ဆက်မပြတ် တိုက်တွန်း အားပေးခဲ့ပါတယ်။ မြန်မာကုမ္ပဏီ တွေ ကိုလည်း လူမှုရေး တာဝန်ယူမှုရှိတဲ့ ကုမ္ပဏီတွေ ဖြစ်ဖို့အတွက် တတ်နိုင်သလောက် ကူညီပေးလျှက်ရှိပါတယ်။
အဲတော့ဒို့ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေ အနေနဲ့ ပြောရရင် တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းဆဲ ကာလမှာ လိုအပ်နေတဲ့ နည်းပညာဆိုင်ရာ ကွက်လပ်တွေကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်တဲ့ အတွက်ကြောင့်လည်း ၀မ်းသာရပါတယ်။
တိုင်းပြည်ရဲ့ ပြောင်းလဲမှုနဲ့အတူ ဒို့တွေလည်း တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်စွာ ပြောင်းလဲနိုင်တဲ့ အတွက်ကြောင့် ကျေနပ်ရပါတယ်။ ဒါ့အပြင် ဒို့စီးပွားရေးလုပ်ငန်းတွေနဲ့အတူလူမှုရေးအသိစိတ်ဓာတ်နဲ့ ဆောင်ရွက်ခဲ့တဲ့အပေါ် CSR Award, အာဆီယံ ICT Award ချီးမြှင့်ခံရတဲ့အတွက်လည်း ကျေနပ်အားရမိပါတယ်။


Q: အခက်ခဲတွေရှိခဲ့လျှင်လည်း ဘယ်လိုကျော်ဖြတ်ခဲ့တယ်ဆိုတာ ပြောပြပေးပါရှင်။

A: အခက်ခဲတွေအနေနဲ့ကတော့ 2008 ခုနှစ်မှာ ဒီကုမ္ပဏီကို အစ်ကိုတို့ မြန်မာတွေဝယ်လိုက်ကြပါတယ်။ အရင် Intergraph Systems South East Asiaကနေ 2008 ခုနှစ်မှာ Credent Technology Myanmarကို ဒို့မြန်မာတွေ ၀ယ်လိုက်ကြပါတယ်။ မြန်မာကုမ္ပဏီ ဖြစ်သွားပါတယ်။ အဲဒီအချိန်ကနေ စပြီးတော့ ကိုယ့်ကုမ္ပဏီကို ဦးဆောင်ပြီးတော့ စီးပွားရေးလုပ်ငန်းကို စလုပ်ကြတဲ့အခါမှာ အခက်အခဲမျိုးစုံ တွေ့ရပါတယ်။ ဥပမာအားဖြင့် ငွေကြေးအရင်းအနှီး လူ့စွမ်းအား အရင်းအမြစ် ဒါတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ငွေကြေး အရင်းအနှီး အနေနဲ့လည်း ဒို့တွေဆီမှာရှိတဲ့ ငွေကြေး အရင်းအနှီးဟာ စီးပွားရေးလုပ်ငန်းကြီး တစ်ခုကိုထူထောင်ပြီး လုပ်နိုင်ဖို့ မလွယ်ကူခဲ့ပါဘူး။ အဲအတွက်ကြောင့် စီးပွားရေးလုပ်ငန်း သေးသေးကနေ စခဲ့ပြီးတော့ အဲဒီကနေ ပုံမှန်ဝင်ငွေ ရဖို့အတွက် အခြေခံလုပ်ငန်းတွေ ပုံမှန်ဝင်ငွေရနိုင်တဲ့ လုပ်ငန်းတွေ ဥပမာအားဖြင့် သင်တန်းဖွင့်တာမျိုးတွေ လုပ်ခဲ့ရပါတယ်။ အဲဒီကနေမှတစ်ဆင့် လုပ်ငန်းတွေကို တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့ ခဲ့ရပါတယ်။ ဒို့တွေအနေနဲ့ ကိုယ့်မိသားစု၊ အသိုင်းအ၀ိုင်း၊ ဆွေမျိုး၊ သူငယ်ချင်းတွေဆီကနေ ငွေကြေး ချေးယူခဲ့ရတဲ့ အကြိမ်တွေလည်း အများကြီးပါ။ အဲတော့ အခက်အခဲဆိုတာ ဒီလိုမျိုး ငွေကြေးဆိုင်ရာ အခက်အခဲတွေ ရှိပါတယ်။

လူ့စွမ်းအား အရင်းအမြစ်မှာ ဆိုရင်လည်း ဒို့ကုမ္ပဏီသေးတဲ့အခါကျတော့ လုပ်ငန်းကသေးတယ် လခကနည်းတယ် လူတွေ အ၀င်အထွက်တွေ များပါတယ်။ အဲလိုမျိုး လူအ၀င်အထွက် များတဲ့အခါမှာ ၀န်ထမ်းတွေက ကုမ္ပဏီတွေကို ခင်တွယ်တယ်၊ သဘောကျတယ်၊ ဒါပေမဲ့လည်း သူတို့ရဲ့ လစာ၊ သူတို့ရဲ့ ရှေ့ရေး၊ ဘ၀ရည်မှန်းချက်တွေ အတွက် ကုမ္ပဏီကနေ နောက်ကုမ္ပဏီတစ်ခုကို ပြောင်းတာမျိုး နောက်များများ လစာပေးတဲ့ ကုမ္ပဏီတွေ၊ နိုင်ငံခြား ကုမ္ပဏီတွေကို ပြောင်းတာမျိုး (သို့) ကျောင်းတက်တာမျိုး ၊ လုပ်နေကြတဲ့ လူငယ်တွေ များပါတယ်။ အဲအတွက်ကြောင့် ကျောင်းတက်ဖို့ ထွက်သွားတာမျိုး လူဝန်ထမ်း အပြောင်းအလဲတွေ ရှိပါတယ်။ အဲဒီအခါမှာ ငွေရေးကြေးရေး အခက်အခဲ ၀န်ထမ်းဆိုင်ရာ အခက်အခဲတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီလို အခက်အခဲတွေ အားလုံးကိုလည်း မမှိတ်မသုန် ယုံကြည်ချက်နဲ့ ကိုယ့်ရဲ့ လုပ်ငန်း အောင်မြင်ရေး နောက်ပြီးတော့ တိုင်းပြည်အတွက်လည်း အထောက်အကူပြုနိုင်ဖို့ နောက်ပြီးတော့ ကိုယ့်လုပ်ငန်း ရှင်သန်နိုင်ဖို့ အတွက်ကို စဉ်ဆက်မပြတ် တောက်လျှောက် အချိန်တိုင်းမှာ သတိကြီးစွာ ထားပြီးတော့ ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ အဲဒီငွေရေးကြေးရေးဆိုင်ရာ ၀န်ထမ်းဆိုင်ရာ အခက်အခဲတွေ အတန်အသင့် ပြေလျော့သွားပြီးတော့ အဆင်ပြေ အောင်မြင်နေတဲ့ ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေနိုင်ခဲ့ပါပြီ။ သို့သော်လည်း ကုမ္ပဏီရဲ့ စဦးပိုင်းနှစ်တွေမှာ အခက်အခဲတွေ ရှိတတ်တာ သဘာဝပါဘဲ အဲဒီလိုအခက်အခဲတွေ ဒို့ Mandalay Technology အနေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။


Q: နောက်ပိုင်းမှာ အသစ်လုပ်ဖို့ရည်ရွယ်ထားသော၊ လုပ်ငန်းများရှိလျှင် ပြောပြပေးပါလားရှင်

A: ဒါနဲ့ ပက်သက်ပြီးတော့ အခုတိုင်းပြည်က ပြောင်းနေတဲ့ အတွက်ကြောင့် ဘာလုပ်မယ်၊ ဘယ်လုပ်ငန်းကို လုပ်မယ် ဆိုတာ အတိအကျ ပြောရ အလွန်ခက်ပါတယ်။ ဥပမာ အခုလုပ်နေခဲ့တဲ့ GIS Remote Sensing ဆိုရင်လည်း ဒို့တွေ စလုပ်ခဲ့တဲ့ သက္ကရာဇ် 2000 ပတ်ဝန်းကျင်တုန်းက အသစ်ပါဘဲ။ ထိုနည်းတူ နည်းပညာဆိုင်ရာ သင်ထောက်ကူ ပစ္စည်းတွေ ဆိုရင်လည်း ဒို့မြန်မာနိုင်ငံက တက္ကသိုလ်တွေ ကျောင်းတွေမှာ အလွန် နည်းပါးခဲ့ပါတယ်။ အဲဒီ့အတွက် နည်းပညာ သင်ထောက်ကူပြု ပစ္စည်းတွေကို စသွင်းခဲ့တဲ့ ရှေးဦးပထမ ကုမ္ပဏီတွေထဲမှာ ဒို့တွေ ပါပါတယ်။ ထိုနည်းအတူ Engineering အကြံပေး ၀န်ဆောင်မှု လုပ်ငန်းတွေ၊ Engineering Consultancy လုပ်ငန်းတွေ ဆိုရင်လည်း စလုပ်တဲ့ ကုမ္ပဏီတွေ ထဲမှာလည်း ဒို့တွေက ထိပ်ဆုံးနဲ့ ရှေ့ဆုံးကပါတဲ့ကုမ္ပဏီတစ်ခုပါ။ အဲတော့ ဘာတွေလုပ်မလဲ ဆိုရင် မြန်မာနိုင်ငံမှာ အခုလက်ရှိ တွေ့နေကြ မြင်နေကြ လုပ်နေကြ မဟုတ်တဲ့ လုပ်ငန်းတွေဘက်ကိုဘဲ ဦးတည်ပြီး သွားမှာပါ။ ပထမဆုံး ကိုယ့်ကိုကိုယ် ယုံကြည်ချက်ကတော့ ဒို့တွေဟာ အသစ်အသစ်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် အရည်အချင်း ပြည့်ဝတဲ့ အင်ဂျင်နီယာတွေ နည်းပညာရှင်တွေ၊ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာထားတဲ့သူဆိုတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ချက် အပြည့်အ၀ ရှိပါတယ်။ အဲဒီယုံကြည်ချက်တွေနဲ့ အခုအသစ်အသစ်သော နည်းပညာဆိုင်ရာ ယုံကြည်ချက်တွေကို တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေတဲ့ ကွက်လပ်တွေမှာ ဖြည့်ဆည်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။


Q: ပညာရေးပြီးဆုံးပြီး လုပ်ငန်းခွင်ဝင်ဖို့ သို့ လုပ်ငန်းတခုကိုစတင်ထူထောင်လိုသော လူငယ်တွေ အတွက် ဆောင်ရန် ရှောင်ရန် အကြံပြုချက်ကလေးများရှိလျှင် ပြောပြပေးပါလားရှင်

A: အဲတော့ ပညာရေးပြီးဆုံးပြီး လုပ်ငန်းခွင်ဝင်ဖို့ လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ဖို့ ရည်ရွယ်ချက်ရှိတဲ့ လူငယ်တွေ အတွက်ကတော့ လုပ်ငန်းကို ချက်ချင်း မထောင်ပါနဲ့အုံး။ လုပ်ငန်းငယ်လေးတွေမှာ ဒါမှမဟုတ်ရင် တစ်ခြား ကုမ္ပဏီတစ်ခုမှာ နည်းစပ်ရာကုမ္ပဏီ(သို့) စီးပွားရေးလုပ်ငန်း တစ်ခုမှာ ဒါမှမဟုတ် ကိုယ့်မိဘ၊ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမတွေရဲ့ ကုမ္ပဏီ လုပ်ငန်းတစ်ခုမှာ အရင်ဆုံးဝင်ပြီးတော့ အလုပ်သင်အနေနဲ့ဘဲ ဖြစ်ဖြစ်ဝင်ပြီးအရင်ဆုံး လုပ်ကြပါအုံးလို့ တိုက်တွန်း ချင်ပါတယ်။ လုပ်ငန်းတစ်ခု လုပ်တယ် ဆိုတဲ့အခါမှာ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိတယ်။ စီးပွားရေးအမြင် ရှိဖို့လိုတယ်။ Marketing ဆိုင်ရာ ဈေးကွက်စီးပွားရေး အမြင်ရှိဖို့ လိုတယ်။ နောက်ပြီးတော့ ၀န်ထမ်းတွေကို ရွေးချယ်ဖို့ ထိန်းသိမ်းဖို့ မြှင့်တင်ပေးဖို့ဆိုတဲ့ လူ့စွမ်းအား အရင်းအမြစ် ထူထောင်ဖို့ ဆိုင်ရာကိစ္စတွေ အသိအမြင်တွေ ရှိဖို့လိုတယ်။
နောက်ပြီးတော့ စာရင်းဇယားတွေကို နားလည်ဖို့ လိုတယ်။ နောက် ငွေရေးကြေးရေး Financial Management ငွေရေးကြေးရေး အကြောင်း နားလည်ဖို့ လိုတယ်။ ပြီးတော့ လူမှုပေါင်းသင်းဆက်ဆံရေးလည်း လိုပါတယ်။ အစရှိသဖြင့် လိုအပ်ချက်တွေ အများကြီးကို အရင်ဆုံး အလုပ်သင်တစ်ယောက် အနေနဲ့ လုပ်ငန်းငယ်တစ်ခုမှာ သော်လည်းကောင်း၊ ကုမ္ပဏီတစ်ခု မှာသော်လည်းကောင်း ၊ မိမိအခြေခံအရည်အချင်းနဲ့ကိုက်ညီတဲ့လုပ်ငန်းတစ်ခုမှာသော်လည်းကောင်း လုပ်ကိုင်ခြင်းအားဖြင့်လေ့လာသင်ယူပါအုံးလို့ အကြံပြုချင်ပါတယ်။ အဲဒီကနေမှ လေ့လာသင်ယူလို့ အထွေထွေလုပ်ငန်းရပ်ဆိုင်ရာ ကိစ္စအ၀၀ကို တဖြေးတဖြေးနဲ့လုပ်ငန်းခွင်ထဲမှာသင်ယူလေ့လာပြီးတဲ့ အခါမှာ ကိုယ့်ဆီမှာလိုအပ်ချက်တွေတော်တော်တန်တန်ပြည့်စုံပြီးလို့ ရှိရင်တော့ လုပ်ငန်းတစ်ခုကို စတင်ထူထောင်နိုင်ပါတယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာဘဲ နားလည်ထားဖို့ လိုတာကတော့ လုပ်ငန်းငယ်တွေ စတင် တည်ထောင်တဲ့အခါမှာ ပထမ နှစ်နှစ်အတွင်းမှာဘဲ 80 ရာခိုင်နှုန်းလောက်သော လုပ်ငန်းငယ်တွေမှာ ကျဆုံးပျက်စီး ဆုံးရှုံးမှုတွေနဲ့ ကြုံကြရပါတယ်။ 20ရာခိုင်နှုန်းလောက်ဘဲ ဆက်ပြီး ရပ်တည်နိုင်ကြတာကို သုသေသနတွေအရ တွေ့ရှိရပါတယ်။ ဒါပေမဲ့အဲဒီ 20 ရာခိုင်နှုန်း ထဲမှာတောင်မှ တစ်ခါ နောက်ထပ် တစ်နှစ်အတွင်းမှာ ထပ်ပြီးတော့ ပျက်စီးဆုံးရှုံးကြတဲ့ လုပ်ငန်းငယ်တွေ နောက်ထပ် 50 ရာခိုင်နှုန်းလောက် ထပ်ပြီးတွေ့ရပါတယ်။ အဲအတွက်ကြောင့် လုပ်ငန်းငယ်တွေရဲ့ အသက်ရှင် ရပ်တည်နိုင်မှုဟာ အလွန် အားနည်းပါတယ်။ ဒါကြောင့် ကိုယ်က လုပ်ငန်းငယ်တစ်ခုကို စတင်တည်ထောင်ပြီးတော့ အသက်ရှင်ရပ်တည်နိုင်တဲ့ ကုမ္ပဏီထဲမှာ ပါဖို့ဆိုရင် ကိုယ်က ဒေါင်ဒေါင်မြည်နိုင်ဖို့ လိုပါတယ်။ အဲလို ဒေါင်ဒေါင်မြည်နိုင်ဖို့ အတွက်ကို အရင်ဆုံး လုပ်ငန်းခွင် တစ်ခုထဲမှာ အလုပ်သင် တစ်ယောက်အနေနဲ့ ၀င်ပြီး လေ့လာပါအုံးလို့အကြုံပြုချင်ပါတယ်။


Q: ၀န်ထမ်းရွေးချယ်မှုနှင့်ပတ်သက်ပြီး အဓိကထားကြည့်သော အချက်ကလေးတွေပြောပြ ပေးပါရှင်။

A:၀န်ထမ်းရွေးချယ်မှုနဲ့ ပက်သက်ပြီး အဓိကကြည့်တဲ့ အချက်ကတော့ (၃)ချက် စဉ်းစားပါတယ်။ ပထမဆုံး တစ်ခုကတော့ ဒီလုပ်ငန်း လိုအပ်ချက်အရ လိုအပ်တဲ့ နည်းပညာပိုင်း (သို့) အင်ဂျင်နီယာပိုင်း၊ (သို့) အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ဥပမာအားဖြင့် စာရင်းကိုင်ဆိုရင် Book keeping ကျွမ်းကျင်သလား၊ ပြီးတော့ စာရင်းကိုင်ပညာနဲ့ ပက်သက်တဲ့ သင်တန်းတွေ တက်ထားသလား၊ (သို့) အခြေခံ Diploma ဘွဲ့တစ်ခု ရထားသလား ဆိုတာတွေ ကြည့်ပါတယ်။ ဒုတိယ ကြည့်တာကတော့ သူ့ရဲ့ လူရည်လူသွေး အရေးကြီးပါတယ်။ personalityအရ ပြောတာဆိုတာ၊ နေတာထိုင်တာ၊ ၀တ်တာစားတာ အဲလို လူရည်လူသွေးကို ဒုတိယ ကြည့်ပါတယ်။ ဒီအပေါ်မှာ ထပ်ပြီး တတိယ ကြည့်တာကတော့ စဉ်းစားပုံစဉ်းစားနည်းပါ။ သူ့ရဲ့ ဘ၀၊ အနာဂတ် ရည်မှန်းချက်နဲ့ ဘယ်လောက် ရည်မှန်းချက်ကြီးတဲ့လူလဲ၊ ဘယ်လောက် အောင်မြင်ဖို့ ပြင်းပြတဲ့သူလည်း ဆိုတာ ကြည့်ပါတယ်။ အောင်မြင်ဖို့ ပြင်းပြတဲ့စိတ် ရှိမှသာလျှင် ကိုယ့်ကုမ္ပဏီအတွက်လည်း အောင်မြင်အောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဲအတွက်ကြောင့် လုပ်ငန်းအတွက်လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိတဲ့ အရည်အသွေးရဲ့ အပေါ်မှာ လူရည်လူသွေး အရေးကြီးပါတယ်။ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အတွေးအခေါ် မြော်မြင်နိုင်မှု နောက်တစ်ခါ သူ့ရဲ့ ဘ၀ရည်မှန်းချက် ဒါတွေကိုထပ်ပြီးတော့ကြည့်ပါတယ်။ အဲတာကအဓိကထားကြည့်တဲ့အချက်ကလေးတွေပါ။


Q: ၀န်ထမ်းခေါ်ယူတဲ့အခါ ဘယ်လိုခေါ်ယူလေ့ရှိပါသလဲရှင်။ အင်တာဗျူးဆောင်းပါး အပိုင်း ၂ သို့


Q: လက်ရှိဝန်ထမ်းခေါ်ယူများ

ဤနေရာတွင်ကြည့်ပါ။


Date of Birth: 1972

Nationality: Myanmar

Education: (1) B.E (Electronic), Yangon Institute of Technology (YIT) (2) 2002~2004: MBA (3) 2008~2009: International Development, Humphrey Fellowship Program, U.S.A. (4) 2012~now: Studying for Ph.D, Human Resource and Organizational Development

Career: Managing Director, Mandalay Technology Co., Ltd. (Technology for Development)