Sa Bai Phyu (စံပယ်ဖြူ)
Myanmar PLG Travels & Tours Co., Ltd.

Company Location: Myanmar


Q: လက်ရှိအလုပ်လုပ်နေသောကုမ္ပဏီအမည် အမျိုးအစား နဲ့ ရာထူးကိုပြောပြပေးပါရှင်။

A: Tour Operation အပိုင်းဖြစ်တဲ့အတွက် ဧည့်သည်များ မြန်မာပြည်ကိုလာလျှင် လိုအပ်သော visa, Hotel, Air Ticket, Car, Guide, Meal, etc service အပိုင်းများကို Management လုပ်ဆောင်ရပါတယ်။


Q: လုပ်ငန်းခွင်ထဲမှာ ဘယ်လိုတာဝန် (လုပ်ဆောင်ချက်) တွေကိုလုပ်ရပါသလဲရှင်။ လုပ်ငန်းအတွေ့ကြုံများကို အကြမ်းဖျဉ်း ပြောပြပေးပါလားရှင်။ A: လုပ်ငန်းအတွေ့အကြုံကတော့အများကြီးဖြစ်လို့ အဲဒီထဲကမှ လွယ်လွယ်ကလေးနဲ့မှားတတ်၊ သတိမမူတတ်တဲ့အရာကလေးတခုပဲပြောပြချင်ပါတယ်။ အကြမ်းဖျင်းပဲပြောပြထားပါတယ်ရှင်။ Hotel Reservation ကို Date/ လ တွေကိုမှန်အောင်တင်ရမည်။ သေချာမတင်လျှင် ဧည့်သည်တည်းခိုမည့် နေ့မှာအခန်းမရှိလျှင်အခက်ခဲဖြစ်နိုင်ပါသည်။ ဒါကြောင့် Reconfirm လုပ်ပေးရပါမည်။ Flight ဆိုလျှင်လည်း ရာသီဥတု မကောင်းရင် Delay or Cancel ဖြစ်လျှင် connection flight ရှိလျှင် မည်သို့ပြုလုပ်ရမည်ဆိုတာတွေကို စဉ်းစားရပါမည်။


Q: အခုအလုပ်မှာမှမဟုတ်ပဲ လုပ်ဖူးတဲ့အလုပ်တွေထဲမှာ လုပ်ငန်းခွင်ထဲမှာကြုံရတဲ့ အခက်ခဲလေးတွေ ရှိခဲ့ဖူးတာရှိရင် နမူနာအနည်းငယ်နှင့် အဲဒါတွေကို ဘယ်လိုဖြတ်ကျော်ခဲ့တယ် ဆိုတာ ပြောပြပေးပါလားရှင်။ A: ကျွန်မမှတ်မှတ်ရရ ဒီအလုပ်ဝင်ခါစမှာတွေ့ခဲ့တဲ့အမှတ်တရရှိခဲ့တဲ့ အမှားရှိခဲ့ပါသည်။ ဧည့်သည် 4 ယောက်က oversea Ticket မပြဘဲနဲ့ Date Change လုပ်ခိုင်းပါတယ်။ ကျွန်မလည်းလုပ်ပေးလိုက်ပါတယ်။ ကျွန်မတို့ဧည့်သည်က ဂျပန်တွေဆိုတော့ YGN, BKK, NRT အမြဲတန်း connetion ပဲစီးနေကြတာဆိုတော့ ကျွန်မလည်း ဒီအတိုင်းပဲ လုပ်ပေးလိုက်ပါတယ်။ နောက် ၂ပတ်လောက်ကြာမှ သူတို့ပြန်မှာ YGN-BKK ပဲ Date Change ခိုင်းတာ/ BKK-NRT မပါဘူး သူတို့ Bangkok ၀င်အုံးမှာဆိုပြီး ပြသာနာတက်ပါတယ်။ အဲဒါက ကျွန်မတို့က Ticket မူရင်းမကြည့်ဘဲလုပ်မိတဲ့ အတွေ့အကြုံနုတဲ့ပြသာနာပေါ့ ကျွန်မတို့အရမ်းတောင်းပန်ပြီး Bangkok Hotel ပြန်လျှော်ခဲ့ရပါတယ်။ တခါတရံ အခက်ခဲတွေကိုလည်း အမျိုးမျိုး ကျော်ဖြတ်ခဲ့ရပါတယ်။


Q: ဒီနေရာမှာ ခုမှ အလုပ်စလုပ်မဲ့လူငယ်တွေကို အလုပ်လုပ်ရာမှာ ကျင့်သုံးသင့်တဲ့အလေ့အထ အမူကျင့်လေးတွေကို ကိုယ်ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံပေါ်မူတည် ပြီးပြောပြပေးပါလားရှင်။ A: အလုပ်လုပ်ရာမှာ ကျင့်သုံးသင့်တဲ့ အလေ့အထအမူအကျင့်တွေကတော့ ကိုယ်လုပ်မဲ့အလုပ်အပေါ် ရွှင်လန်းတက်ကြွစွာ စိတ်ပါလက်ပါပြုလုပ်ခြင်း လုပ်ငန်းအပေါ်ရိုသေလေးစားစွာပြုလုပ်ခြင်း။ အလုပ်အပေါ်အာရုံထားမှတ်သားခြင်းများပြုလုပ်သင့်ပါသည်။


Q: တဆက်တည်း လုပ်ငန်းအတွေ့ကြုံတွေထဲမှာ အမှတ်တရအဖြစ်ဆုံး အဖြစ်ပျက်ကလေးများ ရှိရင်ပြောပြပေးပါရှင်။ ဥပမာ။ ။ စိတ်ကျေနပ်မှုအရှိဆုံးလုပ်ခဲ့တဲ့ မှတ်မှတ်ထင်ထင် စိတ်ထဲကျန်ရစ်ခဲ့တဲ့အလုပ်မျိုး။ A: ကျွန်မတို့ December လဆိုရင် ဧည့်သည်အများဆုံးလာတဲ့လတွေပါ။ December လ နောက်ဆုံးပတ်ဆိုရင် အလုပ်တွေများလွန်းလို့ အလွဲချော်များတတ်ပြီး complain တွေကိုခေါင်းကိုက်မတတ် ရှင်းရတတ်ပါတယ်။ That too will pass ဒါလည်းပြီးသွားမှာပဲဆိုပြီး အားလုံးကြိုးစားပြီးဖြေရှင်းခဲ့ကြပါတယ်။ အဲဒီလပြီးသွားရင်ကျွန်မတို့အားလုံးကို ဖြေရှင်းနိုင်ခဲ့တယ်ဆိုပြီး စိတ်ကျေနပ်ခဲ့ပါတယ်။


Q: (အိမ်ထောင်သို့မိသားစုရှိလျှင်) လုပ်ငန်းခွင်မှာအောင်မြင်ဖို့ ကြိုးစားရတာတွေနှင့်အတူ မိသားစုအရေးမှာလည်း ဟန်ချက်ညီဖို့ ကြိုးစားရတာတွေနှင့် ပတ်သက်ပြီး အခက်ခဲလေးတွေ၊ ဖြေရှင်းပုံနည်းလမ်းအချို့ကို ပြောပြပေးပါလားရှင်။ A: အိမ်ထောင်မရှိပါ။ ကျွန်မကမိသားစုမှာ ညီကိုမောင်နှမငါးယောက်မှာ အကြီးဆုံးဖြစ်ခဲ့ပါတယ်။ ကျွန်မအဖေက အစက၀န်ထမ်းဖြစ်လို့ ကျွန်မတို့မိသားစုကမချမ်းသာပါ။ ကျွန်မ ၁၀တန်းအောင်ကထဲက အလုပ်လုပ်ရပါတယ်။ တက္ကသိုလ်ကျောင်းတွေပိတ်တဲ့အခါမှာလည်း အလုပ်လုပ်ရင်းနဲ့ အင်္ဂလိပ်စာ၊ ကွန်ပြူတာသင်တန်းတက်ခဲ့ရပါတယ်။ ဘွဲ့ရပြီး Tour Company အလုပ်ဝင်တဲ့အခါမှာမှ ဂျပန်စာတို့ မြောက်ဥက္ကလာ ဘုန်းကြီးကျောင်း (ပညာဒါနမှာ) ဂျပန်စာကိုတတ်ခဲ့ပါတယ်။ ကျွန်မသည် မိသားစုရဲ့ ငွေကြေးကိုအထောက်အကူပေးဖို့ အလုပ်လုပ်ရင်း သင်တန်းတွေတက်ရောက်ခဲ့ပါတယ်။


Q: မြန်မာပြည်မှာ အလုပ်ခဏခဏ ပြောင်းတာတွေအပေါ် ဘယ်လိုမြင်ပါလဲ။ ဘယ်လိုဖြေရှင်းသင့်တယ်လို့ ထင်ပါသလဲ။ A: အလုပ်တစ်ခုမှာ နှစ်ပေါင်းများစွာ ကြာမြင့်စွာ ပြုလုပ်ခြင်းသည် ပိုက်ဆံနှင့်ပေးဝယ်လို့မရတဲ့ Experience တွေကိုရရှိစေနိုင်ပါတယ်။ ကိုယ့်အတွက်တိုးတက်ရာတိုးတက်ကြောင်း အများကြီးရှိရင်တော့ပြောင်းသင့်ပါတယ်။ ခဏခဏ အလုပ်ပြောင်းတာမကောင်းဘူးလို့ အကြံပေးချင်ပါတယ်။


Q: ခုကစပြီး လုပ်ငန်းခွင်ထဲဝင်ဖို့ ပြင်ဆင်နေတဲ့လူငယ်တွေကို ဘယ်လိုမျိုးတွေ ပြင်ဆင်သင့်တယ်လို့ အကြံပေးချင်ပါသလဲ။ A: လုပ်ငန်းခွင်ထဲကိုဝင်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေကို သတိပေးချင်တာကတော့ ကိုယ်တတ်ထားတဲ့ပညာ၊ ကိုယ်ဝါသနာပါတဲ့အလုပ်၊ တခါတလေကိုယ်နဲ့မကိုက်ညီတဲ့နေရာလည်း ရချင်ရနေတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်ရခဲ့တဲ့အလုပ်နေရာမှာ စေတနာဖြင့် ကြိုးစား၍လုပ်လျှင် အလုပ်မှာအဆင်ပြေနိုင်ပါတယ်။


Q: အင်တာဗျူးဝင်မယ့် လူငယ်တွေကို ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်တယ်ဆိုတာ အကြံပေးပေးပါလားရှင်။ A: Interview ၀င်တဲ့အခါမှာ ချိန်းတဲ့အချိန်ကိုမှန်ကန်စွာရောက်အောင်သွားရမည်။ ကိုယ်နဲ့ပက်သက်တဲ့ CV စာရွက်စာတမ်းတွေပါအောင်ယူသွားရမည်။ ဒါမှကိုယ်လျှောက်မဲ့ အလုပ်အပေါ် ဂရုတစိုက်ရှိကြောင်း ပြနိုင်မယ်။ ကိုယ်ကိုမေးမဲ့မေးခွန်းတွေကိုရဲရဲဝင့်ဝင့်နဲ့ ပြန်ဖြေပြီး ကိုယ်တတ်တဲ့ပညာကို Confidence ရှိရှိနဲ့ ဖြေကြားပေးပါလို့ပြောချင်ပါတယ်။


Q: မြန်မာပြည်သို့ နိုင်ငံခြားလုပ်ငန်းတွေများစွာ ဝင်ရောက်ရင်းနှီးမြှုပ်နှံလာတာ တွေ့ရသလို မြန်မာပြည်ကို ပြန်လာသူလိုသူတွေကို ဘယ်လိုအကြံပေးချင်ပါသလဲ။ A: နိုင်ငံခြားမှ မြန်မာပြည်သို့ပြန်လာမည့်သူများအဖို့ ယခုအခါ မြန်မာပြည်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ၊ များစွာဝင်ရောက်လာကြပြီဖြစ်လို့ မြန်မာနိုင်ငံတွင်လည်း အိုးမကွာအိမ်မကွာ အဆင်ပြေစွာ လုပ်ကိုင်နိုင်မည်လို့ ထင်မြင်မိပါတယ်။


Q: လူငယ်တွေပညာသင်ကြားရေးနှင့် ပတ်သက်ပြီး အကြံပြုချင်တာလေးများရှိရင် ပြောပြပေးပါလားရှင်။ A: လူငယ်တွေက နောင်အနာဂတ်မှာ အားကိုးရမဲ့ လူငယ်တွေဖြစ်မှာမို့လို့ တက္ကသိုလ်တက်ရင်းနှင့် Language 2 ခု လောက်ပါ သင်ကြားထားပြီး၊ ကိုယ်ကြိုးစားသင်ကြားတဲ့ ပညာကိုလည်း တစိုက်မတ်မတ်နဲ့ ဆုံးခန်းတိုင်အောင်တက်ပြီး ထူးချွန်အောင်တတ်ပါလို့ အကြံပေးချင်ပါတယ်။


ယခုကဲ့သို့ ဖြေကြား မျှဝေပေးခြင်းအတွက် Dream Job Myanmar မှ ကျေးဇူး အထူးတင်ရှိပါတယ်ရှင်


Date of Birth: 06/25/1974

Nationality: Myanmar

Education: B.Sc (Maths)

Career: Tour Operation Manager