Min Min Kyu
Ken-Pal (S) Pte. Ltd.

အပိုင်း ၁


Company Type : Foreign (Singapore) Location: Singapore

Career History; ●Environmental Control Officer (Yishun N5C4 Project) - Ken-pal (S) Pte Ltd (17 Mar 2014 to Till)

●Environmental Control Officer (Punggol East C34 Project) - Kay Lim Construction & Trading Pte Ltd (20 Apr 2012 to 15 Mar 2014)

●Environmental Control Officer (Jurong East N4RC1 Project) - Kay Lim Construction & Trading Pte Ltd (19 Aug 2010 to 19 Apr 2012)

●Clerk of Works (NEWater Infrastructure Plan, NIP Project) - CPG Consultants Pte Ltd (01 July 2008 to 18 Aug 2010)

●Machine Specialist cum Quality Engineering Assistant - NYPRO Manufacturing Company Ltd., (Singapore) (June 2006 to May 2008)

●Assistant Engineer - Myanmar Paper and Chemical Industries (Myanmar) (Jan 2002 to Dec 2005)


Q: လက်ရှိအလုပ်လုပ်နေသောကုမ္ပဏီအမည် အမျိုးအစား (နိုင်ငံသားပိုင်၊ နိုင်ငံခြားသားပိုင်၊ ဖက်စပ်၊ နိုင်င်ငံခြားဖြစ်လျှင် နိုင်ငံအမည်ပြောပြပေးပါလား) နဲ့ ရာထူးကိုပြောပြပေးပါရှင်။

A: Singapore နိုင်ငံက Ken-Pal (S) Pte. Ltd. လူနေတိုက်ခန်းတွေ ဆောက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ Environmental Control Officer ရာထူးနဲ့ လက်ရှိလုပ်ကိုင်နေပါတယ်။


Q: လုပ်ငန်းခွင်ထဲမှာ ဘယ်လိုတာဝန် (လုပ်ဆောင်ချက်) တွေကိုလုပ်ရပါသလဲရှင်။ လုပ်ငန်းအတွေ့ကြုံများကို အကြမ်းဖျဉ်း ပြောပြပေးပါလားရှင်။

A: Safety, Health & Environment (SHE) နဲ့ပါတ်သက်တဲ့ Management, Submission, Documentation နဲ့ Site Inspection, Inspection Report စတာတွေ လုပ်ရပါတယ်။ Environmental Control Officer တစ်ယောက်အနေနဲ့ အဓိကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ -

၁။ Noise Control Measure - လုပ်ငန်းခွင်က ဆူညံသံတွေကို တတ်နိုင်သမျှ နည်းစေပြီး ပါတ်ဝန်းကျင် လူနေအိမ်ခြေတွေကို အနှောက်အယှက် မဖြစ်စေဖို့၊ Real Time Noise Monitoring Equipment နဲ့ Online Monitor အမြဲလုပ်နေရပါတယ်။ သတ်မှတ်ထားတဲ့ Limit ကျော်ရင် Online System ကနေ SMS ပို့ပေးတဲ့အတွက် ဆင်ခြင်ပြင်ဆင်သင့်တာ/ ဆောင်ရန် ရှောင်ရန်တွေကို ချက်ချင်းလုပ်နိုင်ဖို့ ကိုယ့်ရဲ့ Main-Con နဲ့သာမက၊ Sub-Con တွေနဲ့ပါ အမြဲ coordinate လုပ်ရပါတယ်။ တစ်ပါတ်တစ်ခါ သက်ဆိုင်ရာ ဌာနတွေကို Noise Meter Reading Record Report & Monitoring Chart တွေ တင်ရတယ်။ လိုအပ်ရင် Noise Barrier တွေ တပ်ဆင်ပေးထားရတယ်။ အခုလက်ရှိဆိုဒ်က အနောက်မှာ စာသင်ကျောင်း နှစ်ကျောင်းတောင်ရှိလို့ Noise Control ကို တော်တော်ဂရုစိုက်ရတယ်။ တခါတရံမှာ အသံတွေဆူလို့ဆိုပြီး ပတ်ဝန်းကျင်လူနေအိမ်တွေက National Environment Agency (NEA) ကို လှမ်းတိုင်တတ်သေးတယ်။ ည ၁၂ နာရီ၊ ၁ နာရီလည်း NEA က ဖုန်းဆက်ပြီး မေးတတ်ပါသေးတယ်။ Sunday နဲ့ Public Holiday တွေမှာ အလုပ်လုပ်ခွင့် မရှိပါဘူး။ အဲဒီရက်တွေမှာ အလုပ်လုပ်နေတာ NEA က မိသွားရင် ပထမဆုံးအကြိမ်မှာပဲ ဒဏ်ငွေ စင်္ကာပူဒေါ်လာ ငါးထောင် စတပ်ပါတယ်။

၂။ Earth Control Measure - လုပ်ငန်းခွင်က ထွက်လာတဲ့ ရေဆိုးရေညစ်၊ ရွံ့ရေဗွက်ရေတွေ အများပြည်သူပိုင် ရေမြောင်း (Public Drain) ထဲကို မစွန့်ပစ်ဖို့/ မတော်တဆ စီးဆင်းမသွားစေဖို့၊ Earth Control Machine (ECM) ထားရှိပြီး၊ ဆိုဒ်တစ်ခုလုံးကရေဆိုးတွေကို Perimeter C7 Drain ကတဆင့် ECM ဆီပို့ပြီး အရင်သန့်စင်ရပါတယ်။ သန့်စင်ပြီးရေတွေကိုလည်း Online Total Suspended Solid (TSS) Monitoring System နဲ့ အမြဲ Monitor လုပ်နေရပါတယ်။ သူကလည်း သူ့ Limit ကျော်ရင် SMS ပို့ပေးပါတယ်။ C7 Drain Cleaning ကိုလည်း Schedule ဆွဲပြီး ပုံမှန်အမြဲ သန့်ရှင်းရေးလုပ်ခိုင်းရပါတယ်။ ကိုယ့်ဆိုဒ်ထဲက Vehicle တွေ ပြန်ထွက်ရင်လည်း မထွက်ခင် Entrance က Washing Bay မှာ ရွှံ့တွေ အရင်စင်အောင်ဆေးပြီးမှ ထွက်ခွင့်ပြုပါတယ်။ တစ်လတစ်ခါ Earth Control Measure Report ဆိုပြီး သက်ဆိုင်ရာဌာနတွေကို Report တင်ရပါတယ်။ Discharge Point မှာ CCTV တပ်ထားပြီး Public Utilities Board (PUB) ကလည်း Online Monitor အမြဲလုပ်နေပါတယ်။ PUB က တစ်လတစ်ခါ (သို့) နှစ်လတစ်ခါဆိုလို လာလာစစ်ပါတယ်။ တကယ်လို့ NC (Non-Compliance) တစ်ခုခုတွေ့ရင် ပြုပြင်၊ ပြင်ဆင်သင့်တာတွေ ချက်ချင်းလုပ်ပြီး Report ပြန်တင်ပေးရတယ်။

၃။ Mosquito & Vector Control - ဝန်ထမ်းတွေ၊ အလုပ်သမားတွေ အမှိုက်တွေ စနစ်တကျ စွန့်ပစ်ဖို့၊ ရေဝပ်မနေစေဖို့ ဂရုစိုက်ရပါတယ်။ Housekeeping & Water Cleaning ကိုလည်း Daily Schedule ဆွဲပြီး ပုံမှန် လုပ်ခိုင်းရပါတယ်။ ခြင်ဆေးကိုလည်း Pest Control Company ကို တစ်ပါတ်တစ်ခါ လာဖြန်းခိုင်းပြီး၊ ကိုယ်ပိုင် In-House Oiling Team နဲ့လည်း တစ်ရက်ခြားတစ်ခါ ဖြန်းရပါတယ်။ Daily Checklist, Weekly Inspection Report တွေကို Consultant ကို တင်ရပါတယ်။ ဒီမှာက သွေးလွန်တုတ်ကွေး ကွာကွယ်ရေးကို တော်တော်လေး အလေးထားတယ်။ ဒါကြောင့် Mosquito Breeding အတွက်လည်း NEA ကနေ နှစ်လခြား/ သုံးလခြား တစ်ခါလောက် လာလာစစ်ပါတယ်။ လာစစ်တဲ့အချိန်မှာ ပိုးလောက်လန်းတွေ့ရင် ပထမအကြိမ်ဆို ဒဏ်ငွေအဖြစ် စင်္ကာပူဒေါ်လာနှစ်ထောင်၊ ဒုတိယအကြိမ်ဆို လေးထောင်၊ စသည်ဖြင့် ဒဏ်တပ်ပါတယ်။ ဒါ့အပြင် Stop Work Order ပေးတဲ့အထိလည်း ပြစ်ဒဏ်ပြင်းထန်နိုင်လို့ သိပ်ဂရုစိုက်ရပါတယ်။ အလုပ်သမားတန်းလျားရှိရင် ပိုဆိုးတယ်။ ထမင်း၊ ဟင်း ချက်ခွင့်မရှိပဲ ချက်ကြ၊ အမှိုက်တွေ စည်းကမ်းမရှိ ဟိုပစ် ဒီပစ် ဆိုတော့ ခြင်၊ ယင်၊ ကြွက်၊ ပိုးဟပ် အစုံပဲ။ Vector Control အစုံလုပ်ရတယ်။ ကြွက်အတွက်ကတော့ Pest Control ကို Rodent Control Inspection တစ်လတစ်ခါ လာခိုင်းရတယ်။ ဒီကြားထဲ တခါတလေ ပျားအုံတွေ့ပြန်ရင် Pest Control ကို Ad Hoc Service ဆိုပြီး လှမ်းခေါ်လာရှင်းခိုင်းရပြန်ရော။ တခါတရံ မြွေလည်း တွေ့ရတတ်သေးတယ်။

၎။ Air Pollution Control - ကိုယ့်ဆိုဒ်ထဲက ဖုန်တွေ သဲတွေ ပါတ်ဝန်းကျင်ကို လွင့်မသွားအောင် Netting တွေ ကာထားပေးရတယ်။ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုမှာ ဖုန်တွေထတဲ့အခါ ရေဖြန်းပေးခိုင်းရတယ်။ Equipment & Machinery တွေက မီးခိုးတွေ မထွက်အောင် ဂရုစိုက်၊ Regular Maintenance လုပ်ခိုင်းပြီး checklist တွေကို သိမ်းထားရတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ၊ မြေကြီးတွေ၊အမှိုက်တွေ သယ်တဲ့ကားတွေ ကိုယ့်ဆိုဒ်ထဲကထွက်ရင် သေချာလုံအောင် ဖုံးအုပ်ပြီးမှ ထွက်ခိုင်းရတယ်။

၅။ Solid Waste Management - အမှိုက်တွေကို အမှိုက်ကန်အမျိုးအစားခွဲပြီး သီးခြားစီ စွန့်ပစ်ရပါတယ်။ Food Waste တွေကို နေ့စဉ်လာသိမ်းခိုင်းပြီး၊ တခြား Construction Waste တွေကိုတော့ ပြည့်သွားရင် လာသိမ်းခိုင်းရပါတယ်။ အမှိုက်တွေ လျှံမကျစေဖို့၊ အမှိုက်ပုံးတွေ ဖုံးအုပ်ထားဖို့၊ အမှိုက်အိတ် - အမှိုက်ကန် လုံလုံလောက်လောက်ထားပေးဖို့ ဂရုစိုက်ရပါတယ်။ တစ်ပါတ်တစ်ခါ Mass Safety Talks မှာ အလုပ်သမားတွေကို Dos & Don'ts တွေ၊ Good & Bad Practice တွေ ပြောပြရတယ်။ Occupational Safety & Health (OSH) Programme ဆိုပြီး Schedule အတိုင်း လအလိုက် သူ့ခေါင်းစဉ်နဲ့သူ ပညာပေးပြောပေးရတယ်။ Video Show တွေ ပြပေးရတယ်။ OSH Program မှာ ပါဝင်တဲ့ ခေါင်းစဉ်တွေကတော့ -

  1. Hearing Conversation Program/ Personal Hearing Protection

  2. Respiratory Protection

  3. Personal Eye Protection

  4. Protection against Radioactive Hazards Program

  5. Industrial Dermatitis Prevention Program

  6. Work-Related Back Injuries and Strains

  7. Managing Heat Stress at Workplace

  8. Storage, Use and Disposal of Hazardous Materials

  9. Safe Use of Personal Protective Equipment (PPE)

Project အသစ်အတွက်ဆိုရင် ဆိုဒ်မစခင်ကတည်းက Noise Control Measure နဲ့ Earth Control Measure ပြုစုပြီး NEA နဲ့ PUB ကိုတင်ရပါတယ်။ အလုပ်သမားတန်းလျားအတွက် Workers’ Quarter Management System (WQMS) ပြုစုပြီး Housing and Development Board (HDB) ကိုတင်ရပါတယ်။ HDB နဲ့ Consultants က လက်ခံအတည်ပြုပြီးမှ အလုပ်သမားတွေကို နေခွင့်ပြုတာပါ။ အလုပ်သမားတန်းလျားမှာ ဘယ်နှစ်ယောက်နေလဲ၊ Nationality နဲ့ အလုပ်သမားအဝင်အထွက်ကို တစ်လတစ်ခါ Consultant ကို Report တင်ရတယ်။ Audit Closing Report တွေ ပြင်ဆင်ပေးရတယ်။ Authority Visit Update လုပ်ပေးရတယ်။ Hazardous Substances တွေအတွက် SDS (Safety Data Sheet) တွေ၊ Inventory နဲ့ Usage တွေကို Summarise လုပ်ပြီး သိမ်းထားရတယ်။ Green Project ဖြစ်တဲ့အတွက် Water, Diesel & Electricity, Concrete, Rebar Usage နဲ့ Waste Disposal Cost တွေကို အမြဲ Keep Track & Monitor လုပ်နေရပါတယ်။ Site Inspection ကတော့ နေ့စဉ်ပါ။ Inspection မှာ Safety နဲ့ ပါတ်သက်တဲ့ NC တွေတွေ့ရင်လည်း Workplace Safety & Health Officer (WSHO) ကို Highlight လုပ်ပေးရပါတယ်။ ဥပမာ - အလုပ်သမားတွေ PPE ကို စံနစ်တကျ မသုံးတာ၊ Safety Barricade တွေ၊ Toe-board တွေ ဖယ်ပြီးရင် နေရာတကျ ပြန်မထားတာ၊ အကာအရံမရှိပဲ Open-side ဖြစ်နေတာ ...... စသည်ဖြင့်ပေါ့လေ။ ဝန်ထမ်းအသစ်/ အလုပ်သမားအသစ် တစ်ယောက်ယောက်ဝင်လာတာနဲ့ First Day Safety Induction ဆိုပြီး သိသင့်တဲ့လိုက်နာရမယ့် ဆောင်ရန် ရှောင်ရန် စည်းမျဉ်း စည်းကမ်း ဥပဒေ အားလုံးကို ရှင်းပြပြောပြရပါတယ်။ အများကြီးကျန်သေးတယ်။ သိပ်ရှည်သွားမှာစိုးလို့ တော်ပါပြီ။ အလုပ်အတွေ့အကြုံကို ခရေစေ့တွင်းကျ ပြောတာက တချို့မသိသေးတဲ့သူတွေ ဗဟုသုတ ရစေချင်လို့ပါ။ ကိုယ့်မြန်မာပြည်ကဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ Safety, Health & Environment (SHE) ကို သိပ်ပြီးဦးစားမပေးသေးဘူးလေ။ အစ်မတစ်ခါ ရန်ကုန်ပြန်သွားတုန်းက သင်္ဃန်းကျွန်းဈေးကြီးပြန်ဆောက်နေတဲ့အချိန်နဲ့ ကြုံခဲ့ဖူးတယ်။ ဘာ PPE မှ မဝတ်ထားကြဘူး။ အခြေခံ PPE ဖြစ်တဲ့ Safety Helmet နဲ့ Safety Shoes လေးတောင်မပါဘူး။ ခြေညှပ်ဖိနပ်နဲ့၊ ပုဆိုး-ထမိန်တွေနဲ့၊ သုံးထပ်အမြင့်မှာ ဒီလိုပဲ သစ်တွေ၊ အုတ်တွေ သယ်နေကြတာ။ ဘာအကာအရံ (Safety Barricade) မှလည်း မရှိဘူး။ အလုပ်လုပ်နေကြတဲ့ သူတို့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် မြန်မာပြည်မှာလည်း လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို အလေးထား ဆောင်ရွက်လာစေဖို့ မျှော်လင့်မိပါတယ်။


Q: အခုအလုပ်မှာမှမဟုတ်ပဲ လုပ်ဖူးတဲ့အလုပ်တွေထဲမှာ လုပ်ငန်းခွင်ထဲမှာကြုံရတဲ့ အခက်ခဲလေးတွေ ရှိခဲ့ဖူးတာရှိရင် နမူနာအနည်းငယ်နှင့် အဲဒါတွေကို ဘယ်လိုဖြတ်ကျော်ခဲ့တယ် ဆိုတာ ပြောပြပေးပါလားရှင်။

A: ဟုတ်ကဲ့။ အခုလက်ရှိလုပ်နေတဲ့ကုမ္ပဏီက စင်္ကာပူမှာ စတုတ္ထမြောက်ကုမ္ပဏီပါ။ ပထမဆုံးအလုပ်က Medical Products တွေထုတ်တဲ့ Nypro Singapore Pte Ltd မှာ Part Time နှစ်နှစ်နီးပါး (ကျောင်းတက်ရင်း) နဲ့၊ ကျောင်းပြီးတော့ Quality Engineering Assistant အဖြစ် Full Time လေးလလောက် လုပ်ခဲ့ပါတယ်။ Part Time လုပ်တုန်းက ပြဿနာမရှိပေမယ့် Full Time မှာတော့ အခက်အခဲတော်တော်လေး ကြုံခဲ့ရပါတယ်။ အလုပ်သမအများစုက တရုတ်မတွေ၊ အင်္ဂလိပ်လိုလုံးဝမတတ်၊ ကိုယ်ကလည်း တရုတ်လိုမတတ်ဆိုတော့ ဘာသာစကားအခက်အခဲ တော်တော်လေးကြုံရပါတယ်။ စက်ပစ္စည်းတွေကိုင်တွယ်တိုင်းတာဖို့ အတွေ့အကြုံမရှိတော့ အလုပ်မတွင်ကျယ်၊ လိုသလောက် ခရီးမရောက်။ ကွန်ပျူတာ မကျွမ်းကျင်၊ Report မရေးတတ်လို့ မန်နေဂျာက ဒါမျိုး ငါတို့ Primary က ကလေးတွေတောင် ရေးတတ်၊ လုပ်တတ်တယ်ဆိုပြီး၊ ဆူပူကြိမ်းမောင်းတာလည်း ခံခဲ့ရပါတယ်။ ကိုယ်အထက်က Assistant Engineer တရုတ်မလေးက စိတ်သဘောထားလေးကောင်းလို့၊ သူအားတဲ့အချိန်လေးတွေမှာ ကိုယ်နားမလည်တာ၊ သိချင်တာလေးတွေကို လုလုပြီး မေးရမှတ်ထားရတယ်။ အလုပ်ကို ကိုယ့်ရဲ့ Shift မတိုင်ခင်ကြိုဝင်ပြီး သူများတွေ Report ဘယ်လိုရေးလဲ၊ ဘယ်စက်ကို ဘယ်လိုကိုင်လဲဆိုတာ ကြည့်ပြီးသင်ယူရတယ်။ အလုပ်ချိန်က 12hr shift ဖြစ်တဲ့အပြင်၊ စက်ရုံနဲ့ နေတဲ့နေရာက အရမ်းဝေးတယ်။ ကား၊ ရထား၊ ကား အဆင့်ဆင့်စီး အသွားအပြန် လမ်းမှာတင် လေးနာရီနီးပါးလောက်ကြာတာ။ ဒါပေမယ့် ကိုယ်ကလိုချင်တော့ ဝိရီယထားရတာပေါ့။ လိုလိုချင်ချင်သင်ယူချင်စိတ်နဲ့ ဝိရီယထားကြိုးစားရင် ခဏပါပဲ၊ တတ်မြောက်လွယ်ပါတယ်။ ဒုတိယအလုပ်က CPG Consultants Pte Ltd မှာ Clerk of Works အဖြစ် နှစ်နှစ်ကြာလုပ်ခဲ့ပါတယ်။ ဒီအလုပ်မှာတော့ ဘာမှထွေထွေထူးထူး အခက်အခဲမရှိခဲ့သလို၊ သိပ်ပြီးလည်း အလုပ်မများတော့၊ အားတဲ့အချိန်မှာ ကွန်ပျူတာလေ့ကျင့်ပါတယ်။ သူငယ်ချင်းတစ်ယောက်ပေးတဲ့ စာအုပ်ဖတ်၊ Internet မှာရှာဖတ်၊ ကိုယ့်ဘာသာကိုယ် Self-Study လုပ်ရပါတယ်။ ECO သင်တန်းတက်ပြီး လိုင်စင်ယူလိုက်တယ်။ တတိယကုမ္ပဏီက Kay Lim Construction & Trading Pte Ltd မှာပါ။ အရင် CPG က Contract နဲ့လေ။ Contract ကလည်းနှစ်ပြည့်ခါနီး၊ ECO Licence ကလည်းရပြီးကာစ၊ Kay Lim မှာ Vacancy ရှိတယ်ဆိုတာနဲ့သွားလျှောက်လိုက်တာ။ ECO အတွေ့အကြုံ မရှိပါဘူး။ အလုပ်စဝင်ပြီး တစ်ပါတ်လောက်မှာ အခက်အခဲမျိုးစုံ စတွေ့ရတာပဲ။ Construction Site မှာက အားလုံးက စကားပြောရင် အော်ဟစ်ငေါက်ငမ်းပြီး ပြောကြတာ။

ပထမဆုံး ကြုံရတာကတော့ Teban Garden Site မှာ Sub-Con က အမျိုးသမီး ဘာမှန်းညာမှန်းမသိ လာအော်တာ။ တကယ့်ကို ဝူးဝူးဝါးဝါး။ တကယ်က Sub-Con ဆိုတာ Main-Con ပြောတဲ့အတိုင်း လိုက်နာရမှာ။ သူကသူတို့လည်းမှားသေးတယ်။ အစ်မက အလုပ်ဝင်ခါစ၊ Fresh ECO မှန်းသိတော့ အတွေ့အကြုံမရှိသေးဘူးဆိုပြီး လာအော်တာပေါ့။ မထင်မှတ်ထားတဲ့ အဖြစ်။ အံ့သြပြီး ဘာမှပြန်မပြောနိုင်လောက်အောင်ပဲ။ တကယ်တော့အစ်မရဲ့ ပင်ကိုယ်စရိုက်က နည်းနည်းပျော့တယ်။ ပျော့တယ်ဆိုတာ စကားကို အဲလိုကြမ်းကြမ်းတမ်းတမ်းပြောတာ မကြိုက်ဘူး။ သူများကိုလည်း မပြောဘူး။ ကိုယ့်ကို အဲလိုပြောတာလည်း မကြိုက်ဘူး။ အရင်အလုပ်မှာတုန်းက ကိုယ်က Consultant ဘက်ကဆိုတော့ Contractor ကို ကိုယ်ကစစ်ဆေးညွှန်ကြားရုံပဲ။ Sub-Con တွေ အလုပ်သမားတွေနဲ့လည်း တိုက်ရိုက်မဆက်ဆံရဘူး။ အေးအေးချမ်းချမ်း၊ ဘာမှရှည်ရှည်ဝေးဝေး ပြောနေစရာလည်းမလိုဘူး။ Contractor နဲ့ Inspection အတူတူသွား၊ တစ်ခုခုဆို လက်ညှိုးလေးထိုးပြပြီး လုပ်ခိုင်းလိုက်။ Contractor က လုပ်ပြီးရင် ဓာတ်ပုံရိုက်ပြီး တင်လာရော။

ဒါပေမယ့် ECO လုပ်မှ အစ်မမှာ အတွေ့အကြုံသစ်တွေ ရလာတယ်။ တိုးတက်မှုတွေ ရှိလာတယ်။ နဖူးတွေ့ဒူးတွေ့ မပြောရင်မဖြစ်တဲ့ အခြေအနေမျိုးမှာ မှားမှားမှန်မှန် ပြောရတော့တယ်။ အဲဒီတုန်းက သူဌေးရဲ့တူက Site Supervisor လေ။ သူဌေးတူဆိုပြီး နည်းနည်းလက်ကြောမတင်းဘူးပေါ့။ Consultant ကခိုင်းလို့ သူ့ကိုလုပ်ခိုင်းရင် နေ့ရွှေ့ ညရွှေ့နဲ့၊ ပြီးရင် သူဌေးနဲ့ GM ကို အစ်မက အလုပ်မလုပ်ဘူးလို့ တိုင်သေးတာ။ အစ်မရဲ့ PM က အစ်မကို "You shouldn't be so soft and so kind to everyone. Do not work with your heart. You must be sound and strong, work as a police." တဲ့။ WSHO ကလည်း ပြောတယ်။ "Send email. Put it in paper for your evidence, keep it in record." နေရာတကာ အားနာနေလို့ မရတော့ဘူး။

အစ်မက အစကတော့ တော်ရုံတန်ရုံကိစ္စဆို Email မပို့ပဲ၊ ဓာတ်ပုံပြ၊ ဒါလေးလုပ်ပေးနော်ပေါ့။ ဒီလောက်ပဲ ပြောတာ။ နောက်ပိုင်းတော့ ဘာဖြစ်ဖြစ် သက်ဆိုင်သူဆီကို Email ပို့၊ PM နဲ့ WSHO ကို cc ခံ၊ လိုအပ်ရင် PD နဲ့ GM ကိုပါ bcc လုပ်ရတော့တယ်။ အစ်မရဲ့ Type ကို ပြောင်းပစ်လိုက်ရပြီး အစည်းအဝေးမှာ Sub-Con က MD နဲ့ အခြေအတင် ပြောရဆိုရတဲ့အထိပဲ။

အစ်မမှာ ဆိုဒ်ထဲမှာ ပိုးလောက်လန်းမိလို့ NEA Vector Control Department ကို ထုချေလွှာသဘောမျိုးပေါ့နော်၊ Report တင်ရတယ်။ ည ၁၁ နာရီကျော် Sub-Con အလုပ်လုပ်နေတာ ဆူလို့ Resident က လှမ်းတိုင်လို့ NEA က ကုမ္ပဏီကို S$5000 Fine တပ်ခံရတဲ့အပြင် Noise Department မှာ သွားတွေ့ပြီး အဆူခံရဖူးတယ်။ PUB Officer ဆိုဒ်ထဲလာစစ်တဲ့အချိန် Washing Bay က ရွှံ့ရေတွေလျှံပြီး ရှေ့ကရေမြောင်းထဲကျကုန်တာ တွေ့သွားလို့ PUB Catchment & Waterways Department မှာ လက်မှတ်လည်း သွားထိုးရဖူးတယ်။ ECO က လိုင်စင်နဲ့လေ။ ကိုယ့်ဆိုဒ်မှာ ပြဿနာ တစ်စုံတစ်ရာဖြစ်လို့ အခန့်မသင့်ရင် NEA က ကိုယ့်ရဲ့လိုင်စင်ကို (ကာလအပိုင်းအခြားတစ်ခုအထိ) ပိတ်လိုက်လို့ရပါတယ်။ ECO Licence Suspended ဖြစ်သွားရင် အဲဒီအတောအတွင်း ECO အလုပ် လုပ်လို့မရတော့ပါဘူး။ အဲဒီတော့ ကိုယ်အတွက်ကိုယ် Safe ဖြစ်အောင် စေ့စပ်သေချာရတော့တယ်။ ကိုယ်ပိုင် ECO Inspection မှာပဲဖြစ်ဖြစ်၊ Consultant Joint Inspection, HDB PDA Audit , Safety Audit, ConSASS Audit တွေမှာ တွေ့သမျှ NC တွေကို Email ပို့သင့်တာပို့၊ ဘယ်သူ့ကို ဘယ်နေ့က ဘာလုပ်ခိုင်းထားတယ်ဆိုတာ သေချာ Record လုပ်ထားရတယ်။ Mass Toolbox Meeting မှာ ပြောရမယ်ဆိုတုန်းကလည်း ကြောက်လိုက်တာ။ အလုပ်သမားရာကျော်ရှေ့မှာ ပြောရမှာ။ စစပြောတုန်းကတော့ ဒီလိုပဲ ဒူးတုန်တုန် အသံတုန်တုန်နဲ့ ပြောလိုက်ရတာ။ နောက်ပိုင်းမှ ရဲသွားတယ်။ နောက်ပြီး Authority တွေနဲ့လည်း ပြောရဆိုရ၊ စာရေးရ။ သူတို့ဆီ စာရေးဖို့ကျတော့ ဖြစ်ကတတ်ဆန်း ရေးလို့မရဘူးလေ။ ကိုယ့်ဘက်က တိတိကျကျ ဖြစ်ဖို့ အရေးကြီးတယ်။ Grammar အသုံးအနှုံး အထားအသို၊ စာလုံးပေါင်း အစစ ဂရုစိုက်ရတယ်။ Email Send မလုပ်ခင် အပြန်ပြန်အလှန်လှန်စစ်။ ဖုန်းမဆက်ခင် ကိုယ်ပြောမယ့် အကြောင်းအရာကို သေချာ Notes လေးထုတ်ထား။ ကိုယ်မသိတဲ့စကားလုံးကို Dictionary မှာရှာ။ Dictionary ကို ကွန်ပြူတာမှာရော၊ ဖုန်းမှာပါ ထည့်ထား။ Oxford Dictionary, LONGMAN Dictionary နဲ့ သာလွန် အင်္ဂလိပ် မြန်မာ စာအုပ်တွေ အနားမှာထားထားရတယ်။ သူများရေးတဲ့ Email တွေဖတ်ပြီး ရေးပုံရေးနည်း အတုယူ။ သူများတွေ ဖုန်းဆက်ရင် ဘယ်လိုပြောလဲဆိုတာ နားထောင်၊ မှတ်ထား။

Punggol Site အစတုန်းက Noise Meter Install လုပ်ဖို့ကို NEA နဲ့ Town Council ကြားမှာ ကြားညပ်ပြီး တော်တော်လေး ဗျာများခဲ့ရတယ်။ Email အပြန်အလှန်ပို့။ ဖုန်းတွေ ခဏခဏဆက်ရ။ မေးသမျှ ချက်ကျကျ ပြန်ဖြေရှင်းနိုင်ဖို့ တော်တော် ပြင်ဆင်ရတယ်။ Kay Lim မှာ သုံးနှစ်နဲ့ခုနှစ်လ လုပ်ပြီး အခု လက်ရှိကုမ္ပဏီကိုရောက်တာ တစ်လခွဲပဲ ရှိပါသေးတယ်။


Q: ဒီနေရာမှာ ခုမှ အလုပ်စလုပ်မဲ့လူငယ်တွေကို အလုပ်လုပ်ရာမှာ ကျင့်သုံးသင့်တဲ့အလေ့အထ အမူကျင့်လေးတွေကို ကိုယ်ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံပေါ်မူတည် ပြီးပြောပြပေးပါလားရှင်။

A: အလုပ်လုပ်တဲ့နေရာမှာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အချောင်မခိုပဲ စေတနာပါပါလုပ်စေချင်ပါတယ်။ လုပ်ငန်းခွင်မှာ ကိုယ်နဲ့အတူတူ လက်တွဲလုပ်ရမယ့်သူတွေထဲမှာ လူမျိုးစုံ၊ စရိုက်မျိုးစုံ တွေ့ရပါတယ်။ တခါတရံ ကိုယ့်လောက်ပညာအရည်အချင်းမရှိပဲ ကိုယ့်ထက်ရာထူးကြီးတဲ့သူနဲ့လည်း ကြုံရတတ်ပါတယ်။ အဲလိုအခါမျိုးမှာ ငါကတော့ ဘာဘွဲ့ရမို့၊ သူကတော့ဘာမို့လို့ဆိုပြီး မာနစိတ်ကြားခံနေရင် အဆင်မပြေပါဘူး။ စိတ်ထားတတ်ဖို့ လိုပါတယ်။ ကိုယ်မသိတာရှိရင်လည်း သိတဲ့သူဆီမှာ မေးဖို့၊ လေ့လာဖို့ မရှက်ပါနဲ့။ တခါတလေကျပြန်တော့ ကိုယ်က ဘွဲ့နဲ့ရာထူးနဲ့ ရှိနေပေမယ့် တကယ့်လက်တွေ့လုပ်သက်ရှိတဲ့ အလုပ်သမားလေးတွေဆီက မသိမသာပြန်ပြီး သင်ယူရတဲ့အခါမျိုးလည်း ကြုံရတတ်တယ်။ အစ်မကတော့ မသိရင် ဘယ်သူ့ဆီကဖြစ်ဖြစ် မေးဖို့ သင်ယူဖို့ဝန်မလေးဘူး။ တွေ့ကြုံရသမျှမှာ အောက်ခြေကနေ တဆင့်ပြီးတဆင့် ကြိုးစားပြီးတက်လာတဲ့သူတွေက အလုပ်အကြောင်းကို ပိုပြီးဂဃနဏ နားလည်တယ်။ တစ်ချို့ကျပြန်တော့ ဘွဲ့လက်မှတ်ရှိလို့ ရာထူးကြီးကြီးရထားပေမယ့် ကိုယ့်အလုပ်အကြောင်း ဘာမှ သေချာမသိဘူး။ သိအောင်လည်း မလေ့လာချင်ဘူး။ တစ်ခုခုဆို အောက်ကလူကို လုပ်ခိုင်းလိုက်ရော။ အဲလိုလူမျိုး ကိုယ်မဖြစ်စေနဲ့ပေါ့။ စာတွေ့နဲ့လက်တွေ့ကမတူတော့ လူတိုင်းကတော့ အလုပ်စဝင်ဝင်ချင်းမှာ ဘယ်လောက်ပဲ ဘွဲ့အကြီးကြီး ရထားပါစေ၊ ဆက်ပြီးလေ့လာသင်ယူနေရအုံးမှာပဲ။ မပျင်းရဘူး။ သူများကမသိလို့ ကိုယ်ကိုမေးလာရင်လည်း ကိုယ်သိတတ်သမျှ သင်ယူချင်စိတ်ရှိတဲ့သူကို ပြန်လည်ဝေမျှဖို့၊ သင်ယူနိုင်အားနည်းသူကိုလည်း လက်တွဲခေါ်ဖို့ ဝန်မလေးပါနဲ့။ အလုပ်လုပ်တဲ့နေရာမှာ တစ်ဦးတစ်ယောက်တည်း တော်နေကောင်းနေလို့ အလုပ်မတွင်ကျယ်ဘူး။ Team Work က သိပ်အရေးပါပါတယ်။ ပြီးတော့ ဒီအလုပ်ကဖြင့် ကိုယ်လုပ်ရမယ်၊ လုပ်သင့်တယ်မှန်းသိရင်၊ လူကြီးက ကိုယ့်ကို ဒါလုပ်လိုက်ပါလို့ ခိုင်းတဲ့အထိ စောင့်မနေပဲ၊ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်လုပ်ထားလိုက်ပါ။ အထက်လူကြီးက ပြောတဲ့အချိန်မှာ ကိုယ်က အဆင်သင့်ပြီးနေပြီ။ လူကြီးတွေက အလကားတော့ မနေပါဘူး။ ပါးစပ်ကထုတ်မပြောချင်ရင်သာ နေမယ်။ ဘယ်သူအလုပ်လုပ်တယ်၊ မလုပ်ဘူးဆိုတာ သူတို့က သိနေတော့ ကြည့်စရာရှိရင် ကိုယ့်ကို ပြန်ကြည့်ပါတယ်။


Q: တဆက်တည်း လုပ်ငန်းအတွေ့ကြုံတွေထဲမှာ အမှတ်တရအဖြစ်ဆုံး အဖြစ်ပျက်ကလေးများ ရှိရင်ပြောပြပေးပါရှင်။ ဥပမာ။ ။ စိတ်ကျေနပ်မှုအရှိဆုံးလုပ်ခဲ့တဲ့ မှတ်မှတ်ထင်ထင် စိတ်ထဲကျန်ရစ်ခဲ့တဲ့အလုပ်မျိုး။

A: Kay Lim မှာတုန်းက တစ်ခါက ရုံးချုပ်က စီနီယာမန်နေဂျာက အစ်မကို Green & Gracious Presentation တစ်ခုလုပ်ခိုင်းတယ်။ Reference အတွက် Hardcopy တော့ ပေးပါတယ်။ သိပ်ပြီးမလုံလောက်လို့ သက်ဆိုင်ရာ Website တွေမှာ လိုက်ရှာရတယ်။ BCA က Guidebook ကို Download ယူပြီး သေချာဖတ်၊ ခေါင်းစဉ်တစ်ခုချင်းစီအတွက် အပိုင်းလိုက် လိုအပ်တဲ့ ဓာတ်ပုံတွေအတွက် ကိုယ့်အလုပ်သမားလေးတွေကို သေချာပြောပြပြင်ဆင်၊ ဓာတ်ပုံကိုတော့ ကိုယ်တိုင်ရိုက်တယ်။ တစ်ချို့ မသိတဲ့အပိုင်း၊ နားမလည်တဲ့အပိုင်းလေးတွေရှိရင် သိနိုင်မယ့်သူကို ရှာပြီးမေးရတယ်၊ စာရှာဖတ်ရတယ်။ အစ်မစိတ်က တစ်ခုခုခိုင်းထားရင် မပြီးမချင်း စိတ်မအေးဘူး။ ဒီတော့ ညည ၃ နာရီလောက်ပဲ အိပ်ဖြစ်တယ်။ တစ်လခွဲ၊ နှစ်လလောက်ကြာတယ်။ Slide ပေါင်း ၁၈၀ ကျော်တယ်။ ပြီးသွားတော့ PD ကို အရင်ပြလိုက်တယ်။ PD က Very Good လို့ ပြောပြီး Consultant ဆီကို Submit လုပ်ခိုင်းတယ်။ Consultant SPM ကလည်း တော်တော်လေး သဘောကျတယ်။ အစ်မကိုယ်တိုင်လည်း စိတ်တိုင်းကျတယ်လေ။ အစ်မရဲ့ရုံးချုပ်က စီနီယာမန်နေဂျာက ကုမ္ပဏီတစ်ခုလုံးက တစ်ခြား Project Site တွေကို Email ပို့ပြီး အစ်မကို Great Effort ဆိုပြီး S$50 ဆုချတယ်ဆိုတဲ့အကြောင်း၊ ပြီးတော့ ECO တွေအားလုံး ဒါကိုနမူနာယူပြီး ကိုယ့်ဆိုဒ်အတွက် ကိုယ်ပြင်ဆင်ပါဆိုပြီး လုပ်ခိုင်းတယ်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အတွက် တော်တော်လေးပင်ပန်းခဲ့ရပေမယ့် စိတ်ထဲမှာ ကြည်နူးမိတယ်။ ဆုရတဲ့ S$50 ကိုလည်း အလုပ်သမားလေးတွေကို မုန့်ဝယ်ကျွေးလိုက်တယ်။


Q:လုပ်ငန်းခွင်မှာအောင်မြင်ဖို့ ကြိုးစားရတာတွေနှင့်အတူ မိသားစုအရေးမှာလည်း ဟန်ချက်ညီဖို့ ကြိုးစားရတာတွေနှင့် ပတ်သက်ပြီး အခက်ခဲလေးတွေ၊ ဖြေရှင်းပုံနည်းလမ်းအချို့ကို ပြောပြပေးပါလားရှင်။

A: အိမ်ထောင်ရေးနဲ့ပတ်သက်လို့တော့ ကိုယ့်ကိုယ်တိုင်အတွက် ပြောစရာမရှိပေမယ့် ကိုယ့်ပါတ်ဝန်းကျင်မှာ မြင်တွေ့နေရတာတွေကို အခြေခံပြီး နည်းနည်းပြောချင်ပါတယ်။ ဒီခေတ်မှာက အမျိုးသား၊ အမျိုးသမီး နှစ်ယောက်လုံး အလုပ်လုပ်နေကြတဲ့သူတွေက များလာပါပြီ။ ဆိုတော့ အဓိကက တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ သည်းခံခွင့်လွှတ်မှု အရေးကြီးပါတယ်။ လုပ်ငန်းခွင်နေရာ၊ ပါတ်ဝန်းကျင်အသိုင်းအဝိုင်း၊ လုပ်ငန်းသဘာဝ၊ အလုပ်ချိန်တွေ မတူညီနိုင်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲ၊ စိတ်ဖိစီးမှုတွေက မတူနိုင်ပါဘူး။ အလုပ်ကစိတ်ပင်ပန်းပြီးပြန်လာတဲ့အချိန် အိမ်ပြန်ရောက်လို့ စိတ်အခန်မသင့်တာကြုံမိရင် သူသူကိုယ်ကိုယ် စကားအခြေအတင်တွေဖြစ်တတ်ပါလိမ့်မယ်။ အဲလိုအခါမျိုးမှာ တစ်ယောက်ယောက်က အလျော့ပေးဖို့လိုပါမယ်။ သူကောက် ကိုယ်ကောက် အပြန်အလှန်ကောက်နေရင် ချိတ်ချိတ်ချင်းဆို ပိုချိတ်မိတတ်တယ်လေ။ သူတင်း ကိုယ်တင်း ဆိုရင်လည်း မြန်မြန်ပြတ်လွယ်တယ်။ သားသမီးရှိရင် ပိုပြီးသတိရှိရလိမ့်မယ်။ မိဘတွေစကားများရန်ဖြစ်ခြင်းက ကလေးတွေရဲ့ နုနယ်တဲ့စိတ်လေးတွေကို ထိခိုက်စေနိုင်လို့ပါ။ အားလပ်ရက်မှာ မိသားစုကို အချိန်ပေးပါ။ ကလေးတွေရဲ့ ဆန္ဒလေးတွေကို အလေးထားပါ။ ကလေးတွေကို ဆူပူကြိမ်းမောင်း ရိုက်နှက်ဆုံးမတာထက် နားလည်အောင်ရှင်းပြ၊ နားဝင်အောင် ပြောဆိုဆုံးမတာက ပိုကောင်းပါတယ်။ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုလေးတွေကို အသိအမှတ်ပြု၊ ချီးမွမ်းစကားဆိုပါ။ နောက်တစ်ခု အိမ်ထောင်ရေးမှာ အရေးကြီးတာက သူ့မိဘ၊ ကိုယ့်မိဘ နှစ်ဦးနှစ်ဖက် မျှတပါစေ။ အိမ်ထောင်တစ်ခုမှာ များသောအားဖြင့် အမျိုးသားတွေကြောင့် (ဖောက်ပြန်လို့၊ သောက်စားမူးရစ်လို့) အိမ်ထောင်ရေး မသာမယာဖြစ်ရတာတွေ၊ အမျိုးသမီးတွေ စိတ်ဆင်းရဲရတာတွေ ရှိသလို၊ တစ်ချို့အမျိုးသမီးတွေ မလိမ္မာလို့၊ ရိုင်းစိုင်းလို့၊မိဘအပေါ်မကြည်ဖြူလို့ ကြိတ်ပြီးစိတ်ဆင်းရဲ၊ နောက်ဆုံး ထွက်ပေါက်ရှာ မဖြစ်သင့်တာတွေဖြစ်ကုန်တဲ့ အမျိုးသားတွေကိုလည်း မြင်တွေ့ဖူးတာမို့၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ သည်းခံခွင့်လွှတ်မှု ရှိကြစေချင်ပါတယ်။


Q: မြန်မာပြည်မှာ အလုပ်ခဏခဏ ပြောင်းတာတွေအပေါ် ဘယ်လိုမြင်ပါလဲ။ ဘယ်လိုဖြေရှင်းသင့်တယ်လို့ ထင်ပါသလဲ။

A: အစ်မအနေနဲ့တော့ အလုပ်ခဏခဏပြောင်းတာကို သိပ်အားမပေးချင်ပါဘူး။ အလုပ်ပြောင်းရခြင်းအကြောင်းရင်းတွေထဲမှာ တစ်ချို့လူငယ်တွေက ပညာမာန်လေးရှိတယ်။ မဟုတ်မခံစိတ်ဆတ်တယ်။ ကိုယ်မှန်တယ်ဆိုရင် ဘာမှဂရုစိုက်စရာမလိုဘူးဆိုပြီး တစ်ခုခု အခန့်မသင့်တာနဲ့ ထွက်မယ်ဆိုပြီး ဒေါသအလျောက် စိတ်လိုက်မာန်ပါ ဆုံးဖြတ်တတ်ကြပါတယ်။ တော်ရုံတန်ရုံအခက်အခဲနဲ့ သဘောထားကွဲလွဲမှုလောက်ဆိုရင် သည်းခံပြီး ညှိညှိနှိုင်းနှိုင်းလုပ်စေချင်ပါတယ်။ လုပ်ရင်းကိုင်ရင်း လုပ်သက်ကြာ အတွေ့အကြုံရလာပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ သိလာမယ်။ ကိုယ့်ရဲ့စွမ်းဆောင်နိုင်အားကိုလည်း အထက်လူကြီးတွေ သိမြင်လာနိုင်ပါမယ်။ ကိုယ့်ရဲ့အတွေးအမြင်၊ အကြံပေးချက်၊ ဆုံးဖြတ်ချက်တွေကို တစ်ဖက်သား ယုံကြည်လက်ခံနိုင်လာနိုင်အောင်က အချိန်တော့လိုအပ်ပါတယ်။ ခုရေတွင်းတူး၊ ခုရေကြည်သောက်ချင်လို့တော့ မရဘူးလေ။ ဒီတော့ ကြုံလာတဲ့ အခက်အခဲကို ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်။ Professional ရာထူးကြီးကြီးနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ချင်တယ်ဆိုရင် လုံလောက်တဲ့ အတွေ့အကြုံရဖို့က စိတ်ရှည်ရမယ်။ သည်းခံရမယ်။ ဇွဲရှိရမယ်။ ကြိုးစားချင်စိတ်ရှိရမယ်။ အလုပ်ခဏခဏပြောင်းရင် ကိုယ့်ရဲ့ Profile/ Personal Data တွေကိုကြည့်ပြီး ကိုယ့်ကို အင်တာဗျူးတဲ့သူက ဘာလို့ ဒီလိုခဏခဏပြောင်းတာလဲ၊ ဒီလူကို ခန့်လိုက်ရင် ကိုယ့်ဆီမှာရော ရေရှည်လုပ်နိုင်ပါ့မလားလို့ သံသယဝင်နိင်ပါတယ်။ တစ်ချို့ကတော့ တာဝန်ယူချင်စိတ်မရှိတဲ့၊ ခေါင်းရှောင်တတ်တဲ့၊ ဖြစ်သမျှပြဿနာ ကိုယ့်ပေါ်ပုံချတတ်တဲ့ လူကြီးရဲ့အောက်မှာ အလုပ်လုပ်ရတာ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ချောက်ချတာ၊ မတရားဖိနှိပ်တာ၊ အဖက်ဖက်က အရမ်းကိုအဆင်မပြေ ဘယ်လိုမှ သည်းမခံနိုင်၊ ရှေ့ဆက်ပြီး အတူတူအလုပ်လုပ်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ ဒါမျိုးဆိုရင်တော့ တစ်မျိုးပေါ့လေ။ အဲလိုဆိုရင်လည်း ကိုယ့်ဘာသာကိုယ် တစ်ဖက်က အလုပ်သစ်ရှာ၊ ရပြီဆိုမှ ကောင်းကောင်းမွန်မွန် ထွက်စာတင်ပြီးထွက်။ အလုပ်တစ်ခုနဲ့တစ်ခုကြား Unemployment ဖြစ်နေတဲ့အချိန်ကြာရင်လည်း ထောက်ပြမေးခွန်းထုတ်စရာဖြစ်တတ်တယ်။ ဒါကြောင့် အလုပ်အသစ်မရသေးပဲ လက်ရှိအလုပ်ကိုမထွက်စေချင်ဘူး။ အရမ်းကြီးဆိုးတဲ့နေရာမှာ မတရားအောက်ကျခံပြီးလုပ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဘယ်သူဘယ်လောက်ဆိုးဆိုး ကိုယ့်နာမည် မဆိုးစေနဲ့။ နောက်တစ်မျိုးကတော့ လက်ရှိအလုပ်မှာလည်း ထိုက်သင့်သလောက်အချိန်အတိုင်းအတာတစ်ခုထိ လုပ်ပြီးပြီ။ လုံလောက်တဲ့ အတွေ့အကြုံလည်းရပြီ။ နောက်ထပ်အလုပ်အသစ်က လက်ရှိအလုပ်ထက် လစာလည်းပိုကောင်းတယ်။ ကိုယ့်ရှေ့ရေးအတွက် တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်း၊ ခံစားရပိုင်ခွင့် အခွင့်အရေး အစစအရာရာ သာလွန်ကောင်းမွန်တယ်ဆိုရင်တော့ ပြောင်းသင့်ပါတယ်။ အဲလိုအနေအထားမျိုးဆိုရင်တော့ လက်ရှိအလုပ်က လူကြီးတွေကလည်း ကိုယ့်ကို လက်မလွှတ်ချင်ရင်တောင် ကိုယ့်အတွက်ဝမ်းသာအားရ သွားဖို့ တိုက်တွန်းကြမှာပါ။


Q: ခုကစပြီး လုပ်ငန်းခွင်ထဲဝင်ဖို့ ပြင်ဆင်နေတဲ့လူငယ်တွေကို ဘယ်လိုမျိုးတွေ ပြင်ဆင်သင့်တယ်လို့ အကြံပေးချင်ပါသလဲ။

A: လုပ်ငန်းခွင်ထဲစဝင်မယ့်လူငယ်တွေအနေနဲ့ အဓိကက ကိုယ်ဝင်ရမယ့်လုပ်ငန်းခွင်နဲ့ ပါတ်သက်ဆက်ဆိုင်တဲ့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတ၊ ဘာသာစကားနဲ့ ကွန်ပျူတာ ကျွမ်းကျင်မှု လိုအပ်ပါတယ်။ ဘာသာစကားများများတတ်လေ ကိုယ့်အတွက် အကျိုးရှိလေပါပဲ။ ဘာသာစကားအများကြီးမတတ်ရင်တောင် နိုင်ငံတကာသုံး အင်္ဂလိပ်စကားကတော့ မဖြစ်မနေတတ်မြောက်သင့်ပါတယ်။ အစ်မတို့လည်း အစပိုင်းကတော့ ဒီလိုပဲ ကြောက်ကြောက်နဲ့ ပြောရတာပါပဲ။ မှားမှားမှန်မှန် မရှက်မကြောက်ပြောမှသာ တဖြည်းဖြည်းပြောရဲဆိုရဲ ပြောတတ်ဆိုတတ်လာတာပါ။ ပြီးတော့ အင်္ဂလိပ်စကားအပြင် ကိုယ်နေတဲ့နိုင်ငံရဲ့ အများသုံးစကားကို တတ်ထားရင်တော့ အကောင်းဆုံးပေါ့။ စင်္ကာပူမှာတော့ တရုတ်စကားရယ်၊ မလေးစကားရယ် အပြောများပါတယ်။ အစ်မတို့ ဆိုဒ်ထဲမှာဆို အလုပ်သမားအများစုက တရုတ်ပြည်ကတရုတ်တွေ။ အင်္ဂလိပ်လို လုံးဝမတတ်ဘူး။ တစ်ခုခုဆိုပြောရဆိုရသိပ်ခက်တယ်။ ဂျပန်နဲ့ ကိုရီးယားဆိုရင်တော့ သူတို့ဘာသာစကား တတ်ကိုတတ်မှဖြစ်ပါမယ်။ မသွားဖူးသေးလို့ သေချာမသိပေမယ့်  ဂျပန်မှာ ပညာတော်သင်သွားရင်တောင် အစ်မလျှောက်ဖူးတဲ့ ပညာသင်ဆုဆို (သတ်မှတ်ထားတဲ့ အသက်ကျော်နေပေမယ့် ဗဟုသုတအနေနဲ့ ကံကောင်းရင်လည်း သွားရတာပေါ့ဆိုပြီး လျှောက်လိုက်တာပါ။ ကံမကောင်းပါဘူး။) ကျောင်းသင်ခန်းစာမသင်ခင် ဂျပန်စာကို ခြောက်လလောက် အရင်သင်ရမယ်လို့ ကျောင်းလျှောက်လွှာတွေထဲမှာကို တရားဝင် ဖော်ပြထားပါတယ်။ ကိုယ်ကအလုပ်လုပ်မှာဆိုရင်တော့ လိုအပ်တာမှန်သမျှ ကြိုတင်ပြင်ဆင်သွားဖို့လိုပါမယ်။ ဘာမှကြိုတင်ပြင်ဆင်မှုမရှိပဲ နောင်ခါလာ နောင်ခါဈေး ကြည့်ရှင်းမယ်ဆိုပြီး မြေစမ်းခရမ်းပျိုးချင်ရင်တော့ ကြုံလာမယ့် အခက်အခဲကို ကြံကြံ့ခံ ရင်ဆိုင်နိုင်ဖို့သာ အားမွေးထားပေါ့။ အစ်မတုန်းကလည်း မြန်မာပြည်မှာတုန်းက တရုတ်စာ သင်မယ်လုပ်ပြီးမှ ကိုယ်မှ တရုတ်ပြည်သွားဖို့ အစီအစဉ်မရှိတာ၊ အပိုအလုပ်တွေ၊ မတက်တော့ပါဘူးဆိုပြီး အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ပေမယ့် တက်မယ်ဆို အချိန်လုတက်ရင် ရနိုင်ရဲ့သားနဲ့ မတက်ခဲ့မိတာကို ဒီရောက်လို့ လုပ်ငန်းခွင်ဝင်မှ မှားမှန်းသိ၊ နောင်တရမိတယ်။ ခုမှ တရုတ်စကားသင်ချင်ပေမယ့် အလုပ်ကတအားရှုပ်တော့ သူ့အတွက်သီးသန့် အချိန်မပေးနိုင်တော့ပါဘူး။ ဒီတော့ ကိုယ့်ပါတ်ဝန်းကျင်မှာ သူများပြောတာလေးတွေပဲ နားထောင်လေ့လာရတော့တယ်။ နောက် ခုခေတ်က အစစအရာရာ ကွန်ပျူတာ၊ နည်းပညာနဲ့ ကင်းကွာလို့မရပါဘူး။ ကွန်ပျူတာလည်းအတူတူပဲ။ ဒီရောက်မှ စပြီး သေချာထိတွေ့ဖူးတာ။ အမြော်အမြင်ကျဉ်းခဲ့တာပေါ့လေ။ ဒါပေမယ့် သူကတော့ လုပ်ငန်းခွင်ထဲမှာ နေ့စဉ်နဲ့အမျှ ထိတွေ့ လုပ်ကိုင်နေရတော့ ကိုယ်စိတ်ပါဝင်စားရင် ဝင်စားသလောက်၊ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် တိုးတက်မှုရရှိနိုင်ပါတယ်။ ကိုယ်က ဘာမှမလေ့လာပဲ လာခဲ့မိပြီ်ဆိုရင် OK... မပျင်းနဲ့တော့။ သူများထက် ခြေတစ်လှမ်းနောက်ကျနေရင် သူများထက် ဝီရိယပိုထည့်ပြီး အမှီလိုက်နိုင်အောင် ကြိုးစားပါ။ အကောင်းဆုံးတော့ လူငယ်လေးတွေ အချိန်တွေ မဖြုန်းနဲ့။ အဓိက အင်္ဂလိပ်စာ/ စကားနဲ့ ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်အောင် လေ့လာပါ။ သိချင်တာ၊ တတ်ချင်တာမှန်သမျှ ခုခေတ် အင်တာနက်မှာရှာရင် တော်တော်များများ ရနိုင်ပါတယ်။ တစ်ခြား ကိုယ်စိတ်ဝင်စားတဲ့ ဘာသာစကားကိုလည်း သင်ယူပါ။ အကျိုးမယုတ်ပါဘူး။


ဆက်ရန်

အပိုင်း ၂


Date of Birth: 03/02/1972

Nationality: Myanmar

Education: 1. Master of Science (Environmental Engineering) – 2006 ~ 2008 (National University of Singapore (NUS)) 2. Master of Engineering (Chemical) – 2003 ~ 2005 (Yangon Technological University) 3. Bachelor of Engineering (Chemical) – 1997 ~ 2001 (Yangon Technological University) 4. Bachelor of Science (Industrial Chemistry) – 1993 ~ 1995 (Yangon University) a) Environmental Control Officer - ECO (NEA) b) Advanced Certificate in Workplace Safety & Health - ACWSH (BCA) c) Building Construction Safety Supervisor - BCSS d) Work At Height (Supervisor) - WAH e) Chemical Safety Awareness (NTUC Learning Hub) f) Safety Instruction Course (Manhole) for Supervisors g) Safety & Health Management Workshop h) Workshop on Building & Auditing Safety Culture Model

Career: Environmental Control Officer