Nay Cho Lwin
Not Shown

CompanyType : Foreign (Joint Venture of Singapore & Hong Kong)

Location: Singapore

...............

Q: လုပ်ငန်းခွင်ထဲမှာဘယ်လိုတာဝန်(လုပ်ဆောင်ချက်)တွေကိုလုပ်ရပါသလဲရှင်။

လုပ်ငန်းခွင်ထဲမှာတော့ သူဌေးလေးဦးရဲ့ တနေ့တာအစီအစဉ်တွေအစီရင်ခံစာတွေအပြင် ကုမဏီမှာရှိတဲ့အုပ်ချူပ်မှု့ပိုင်း

ဆိုင်ရာတွေ ကိုပါခွဲဝေလုပ်ကိုင်ရပါတယ်။တခြားနိုင်ငံများကိုပို့တဲ့ ပို့ကုန်သွင်းကုန်တာဝန်များကိုလဲယူရပါတယ် ။

...............

Q: လုပ်ငန်းအတွေ့ကြုံများကိုအကြမ်းဖျဉ်းပြောပြပေးပါလားရှင်။

လုပ်ငန်းအတွေ့အကြူံကတော့မြန်မာပြည်မှာ ၃ နှစ်နဲ့ ခုလက်ရှိစကာင်္ပူမှာ ခြောက်နှစ်ရှိပါပြီ ။

မြန်မာပြည်မှာတုန်းကတော့ အလုပ်လုပ်တဲ့အချိန်မှာငယ်သေးတာကတစ်ကြောင်း နောက်ပြီးကျောင်းတက်ရင်းတဖက်နဲ့

အလုပ်နဲ့ ညှိပြီး ကျောင်းတက်ခဲ့ရတာရယ် အလုပ်ရှင်က မြန်မာနဲ့ နိုင်ငံခြားသားဖက်စပ်ဆိုပေမယ့် မြန်မာလူမျိုးသူဌေးကပဲ

ကိုယ့်အနားအမြဲရှိနေခဲ့တဲ့အတွက် သိပ်ထူးထူးခြားခြားမသိသာပေမယ့် ဒီရောက်တဲ့အခါမှာတော့ တော်တော်သိသာပါတယ် ။

နဖူးတွေ့ဒူးတွေ့ ဘာသာစကား ၂ မျိုးရယ် တရုတ်မလေးအစရှိတဲ့ဝန်ထမ်းတွေနဲ့ဆက်ဆံရတဲ့အခါမှာရယ် အများကြီးကို

အတွေ့အကြူံတွေရခဲ့ပါတယ။် နောက်တစ်ခုက သူတို့ဆီကနေ စေ့စပ်သေချာစွာလုပ်ကိုင်မှု့သိမ်းဆည်းမှု့ကအစ

စီမံခန့်ခွဲမှု့အုပ်ချူပ်မှု့ပိုင်းဆိုင်ရာတွေပါအတွေ့အကြူံရခဲ့ပါတယ်။

...............

Q: အခုအလုပ်မှာမှမဟုတ်ပဲ လုပ်ဖူးတဲ့အလုပ်တွေထဲမှာ လုပ်ငန်းခွင်ထဲမှာကြုံရတဲ့အခက်ခဲလေးတွေရှိခဲ့ဖူးတာရှိရင် နမူနာ အနည်းငယ် နှင့် အဲဒါတွေကိုဘယ်လိုဖြတ်ကျော်ခဲ့တယ် ပြောပြပေးပါလားရှင်။

လုပ်ငန်းခွင်အခက်အခဲကတော့ စစလုပ်ချင်းမှာ တော်တော့်ကိုကပေါက်တိကပေါက်ခြာနိုင်လှပါတယ်။

မြန်မာပြည်ကပထမဆုံးအလုပ်မှာတုန်းကဆိုလဲ ကိုယ်ကအတွေ့အကြုံရချင်လို့ ၀င်လုပ်တာဖြစ်ပေမယ့် စီမံခန့်ခွဲမှု့ဆိုင်ရာ

တွေ မသိတာမတတ်တာတွေတော်တော်များခဲ့ပါတယ်။အဲဒီအတွက် အခက်အခဲရှိခဲ့ပေမယ့် ခုနကပြောသလို

မြန်မာတွေလည်းဖြစ်တဲ့အတွက် မြန်မာလိုပြောရတာများတာရယ် လုပ်ဖော်ကိုင်ဖက်တွေကလဲ ကိုယ့်ထက်အသက်ဝါကြီး

သူတွေဖြစ်တာရယ်ကြောင့်ကိုယ့်ကိုသင်ကြားပေးကြပါတယ်။အဲဒီတော့ သိပ်မသိသာသလို အမှားအယွင်းဖြစ်တဲ့အခါ

သမီးမသိလို့နော် ကျမမသိလို့ပါနော် ဆောရီးပါနော်မှတ်ထားပါ့မယ်ရှင်နဲ့ ပြီးခဲ့ပေမယ့် ဒီရောက်လာတဲ့အခါမှာတော့

တကယ့်ကိုနဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရပါတော့တယ်။ တခြားသူတွေတော့မသိပါဘူး။ကျမအတွက်တော့တကယ့်ကိုဇောချွေး

ပျံခဲ့ရတဲ့နေ့ရက်တွေပါပဲ။

သူဌေးလေးယောက်ရှိတဲ့အနက် နံပါတ် ၂ ဖြစ်သူနဲ့ ကျမကအနီးကပ်ပိုနေရသလို သူကဘဲအစစအရာရာကိုကိုင်တွယ်

ထားတဲ့အတွက် သူနဲ့ ပဲ ပိုမိုထိတွေ့ရပါတယ်။ စီအီးအိုကတော့ အမြဲ တခြားနိုင်ငံတွေမှာပါဖွင့်ထားတဲ့ စက်ရုံခွဲတွေကို

ပတ်သွားနေတာများပြီးနိုင်ငံခြားခရီးစဉ်ပဲများတဲ့အတွက် သူနဲ့ ထိတွေ့ရတဲ့အချိန်ဟာသိပ်မရှိလှပါဘူး။

သူ့အတွက်စီစဉ်ပေးရတာ သူအတွက်ကိစ္စအ၀၀ဟာ ကင်မရာနဲ့တင်ပြီးပြီး ရုံးချူပ်ကိုပြန်ရောက်ခဲ့ရင်လဲ

တစ်ပတ်လောက်သာနေသူမို့ သိပ်ပြသနာမရှိလှပါဘူး။ကျန်သူဌေးတွေကလဲ တစ်ဦးက စက်ရုံထဲမှာနေတာများတာရယ်

စိတ်ထားပြည့်ဝသူဖြစ်တာကြောင့် သိပ်ပြသနာမရှိသလို နောက်တစ်ဦးက အမျိုးသမီးလဲဖြစ် အသက်အရွယ်အားဖြင့်လည်း

အသက် လေးဆယ်ဝန်းကျင်ငယ်ရွယ်သူဖြစ်တာကြောင့် သိပ်ကွာဟမှု့မရှိလှပါဘူး။ခေတ်လူငယ်ဖြစ်တဲ့အလျောက်ပေါ့ပေါ့

ပါးပါးနဲ့ စိတ်ရှည်ရှည်သင်ကြားပေးပါတယ်။တကယ်ကျမနဖူးတွေ့ဒူးတွေ့ကြုံတွေ့ရသူကတော့ အသက်ငါးဆယ်နှစ်နှစ်

အရွယ်ရှိတဲ့ အမျိုးသမီးဒါရိုက်တာနဲ့ တိုက်ရိုက်ဆက်ဆံမှု့ပါပဲ။တော်တော်ကြီးကိုကိုယ်စိတ်ဆင်းရဲခဲ့ရတာပါ ။

ဒီနေရာကိုသူတို့ကျမကိုအလုပ်ခန့်လိုက်တဲ့အချက်က ၂ ချက်ကြောင့်ပါ ။ ၁။ကျမဟာဒီနိုင်ငံကနေ အောင်လက်မှတ်တစ်ခုရ

ထားသူဖြစ်တာရယ် နောက်မြန်မာပြည်မှာလဲ မဟာဘွဲ့အထိသင်ကြားခဲ့ပြီးတခြားတက္ကသိုလ်တွေကပေးတဲ့ စီးပွားရေးနဲ့

ပတ်သတ်တဲ့ ဒီပလိုမာတွေရယ် ဘာသာစကားတတ်ကျွမ်းမှု့ရယ်ကြောင့် ဒီနေရာကိုခန့်လိုက်တာပါ။ ဒါပေမယ့် တကယ်

အလုပ်ဝင်တဲ့အခါမှာ ကိုယ်နေတဲ့ နေရာမှာမသိရင်မေးစရာတခြားလုပ်ဖော်ကိုင်ဖက်လဲမရှိပါဘူး။

ကျန်တဲ့သူများဟာ တခြားအထပ်မှာအလုပ်လုပ်ကြပြီးကျမတစ်ဦးတည်းသာ သူတို့ရုံးခန်းမှာအလုပ်လုပ်ရပါတယ်။

အဲဒီအတွက် တခုခုခိုင်းလိုက်မေးလိုက်ရင် မသိဘူးမတတ်ဘူးလို့ ဖြေရမှာကိုအင်မတန်ကြောက်ပါတယ်။ရှက်လဲရှက်ပါတယ်။

အဲဒီအတွက် ကျမဖြတ်ထိုးညဏ်သုံးရပါတော့တယ်။ ကျမအနေနဲ့ အလုပ်ပြူတ်ပြီးပြန်ရတယ်ဆိုတဲ့ ခံစားချက်ကို မခံစားနိုင်

တဲ့အတွက် ကျမစိန်ခေါ်မှု့တွေနဲ့ရင်ဆိုင်ရပါတော့တယ်။ ကျမဘေးနားမှာ Oxford Dictionary အထူကြီးတစ်အုပ်ကိုချထား

ပါတယ်။ အသုံးပြုနေတဲ့ ကွန်ပြူတာမှာ ဂူးဂဲ Translate သို့မဟုတ် ဂူးဂဲစာမျက်နှာကိုကျမဖွင့်ထားပါတယ်။ ရုတ်တရက်မေး

လိုက်တဲ့အခါမှာသော်လည်းကောင်း ဒီနေရာကို ဒါကိုဖုန်းဆက်ပြောလိုက်ဆိုရင် ရုတ်တရက်မသိတဲ့အတွက် ကျမအဲဒီကနေ

ကမန်းကတန်းရိုက်ချပြီးရှာရပါတယ်။ တခါတလေမသိဘူးဆိုရင် အဲဒီ့ကိုဖုန်းလှမ်းဆက်ပြီး ဒါဟာလေဘာအတွက်လဲ ။

ဘာ့ကြောင့်လဲငါဘာလုပ်ရမလဲ ။စိတ်မရှိပါနဲ့ ငါဟာနိုင်ငံခြားသားဝန်ထမ်းဖြစ်ပါတယ်။ ငါဒါနဲ့ပတ်သတ်ပြီး မသိလို့ပါလို့

ရိုးရိုးသားသားဝန်ခံပြီး မေးရပါတယ်။ အဲဒီမှာ အများစုက စိတ်ရှည်ရှည်နဲ့ ပြောပြပါတယ်။ ကျမနေရာမှအရင်အလုပ်လုပ်ခဲ့သူ

မလေးအမျိုးသမီးဟာ လက်ရှိကုမဏီပိုင်ရှင်တွေကိုမကျေမနပ်နဲ့ထွက်သူမို့ ကျမကိုတာဝန်တွေလွဲတဲ့အချိန်ကသုံးရက်နဲ့

လွှဲခဲ့ပြီး နောက်အကုန်မပြောပြခဲ့သလို တချို့ဖိုင်တွေကို သူဖျက်ပြစ်ခဲ့တာကိုကျမကြုံရပါတော့တယ် အဲလိုပညာပြမှုတွေနဲ့ပါ

ကြုံတွေ့ခဲ့ရတာပါ။ အသေးစိတ်ပြောပြရမယ်ဆိုရင်တော့ အခက်အခဲတွေအများကြီးပေါ့လေ။ ဒါတွေကတော့ နိုင်ငံခြားမှာ

ပထမဆုံးအလုပ်လုပ်ရတဲ့ အတွေ့အကြူံတွေပါပဲ။ အထူးသဖြင့် မှတ်မှတ်ရရပြောရရင် အလုပ်ဝင်ခါစမှာသူဌေးတွေငြိုငြင်

မှာကိုကြောက်တဲ့အတွက် အိပ်လဲမငိုက်ရဲ သတိမလစ်ရဲလို့ မနက်ဆို ကျွဲရိုင်းသောက်ရတဲ့အထိ ကိုစိတ်ဖိစီးခဲ့တာပါ။

မနက်ကျွဲရိုင်းနေ့လည်ကော်ဖီနဲ့ ကျမတော်တော်ကို ဒုက္ခရောက်ခဲ့ရတာပေါ့။ ဒါတွေဟာမကောင်းပါဘူး။

ကျမအလေ့အကျင့်ရပြီးပုံမှန်ဖြစ်သွားတဲ့လအနည်းငယ်မှာဘဲ ကျွဲရိုင်းကိုလုံးဝဖြတ်ပလိုက်ပါတယ်။ မသောက်သင့်ဘူးလို့

ယူဆတဲ့အတွက်ပါ။ ဒါပေမယ့် ရုံးရောက်ရင်တော့ ကော်ဖီတစ်ခွက်သောက်တာတော့ ခုထိပေါ့လေ။ ဟိုကတမျိုးဒီကမျိုး

တစ်ယောက်ကခိုင်းနေပြီဆို နောက်တစ်ယောက်ကပါ ကျမနာမည်ကိုအော်ခေါ်လိုက် အရေးကြီးလို့ ဒါစီစဉ်ပေးပါဦး

ဒါလုပ်ပေးပါဦးဆိုရင် ဟိုပြေးလုပ်ရ ဒီပြေးလုပ်ရနဲ့ မေ့သွားတဲ့အခါ ပြသနာတက်မှာဆိုးလို့ ကလေးလို တစ်ခုချင်းစာအုပ်

မှာချမှတ်ချရေးပြီးအသေးစိတ်ကို ချရေးရပါတော့တယ်။ တကယ့်ကိုပျာတာတစ်ယောက်ပါပဲ။ နောက်သူတို့နဲ့စကားပြောတဲ့

အခါ အချိန်နာရီနေ့စွဲကအစ မှတ်တတ်လာတာဘယ်သူကဘာပြောသွားပါတယ်ဘယ်အချိန်မှာဘယ်ရက်မှာကအစ မှတ်ရ

ပါတယ်။မမှတ်ရင် အလုပ်တွေအများကြီးတာဝန်ယူရတဲ့ကျမပြန်မရှင်းပြနိုင်တော့ပါဘူး။ရေများရေနိုင်မီးများမီးနိုင်အနေ

အထားမှာ ကျမဖုန်းခေါ်ရင်နာမည်မေးတတ်လာပါတယ်။ စကားပြောရင်အချိန်ရက်စွဲ ဘယ်သူဘာပြောတယ်အသေးစိတ်

မှတ်တတ်လာပါတယ်။ နောက်သူတို့အကြမ်းရေးချထားတာကအစ မလွှတ်ပစ်ပဲ သိမ်းထားတဲ့အထိ စေ့စပ်ရပါတော့တယ်။

ဒါတွေဟာနိုင်ငံခြားမှာအလုပ်ဝင်ခါစကျမအတွက်ကြိုးစားကျော်ဖြတ်ခဲ့ရတဲ့အခက်အခဲတွေပါပဲ။

...............

Q: ဒီနေရာမှာ အလုပ်ခုမှစလုပ်မဲ့လူငယ်တွေကို အလုပ်လုပ်ရာမှာကျင့်သုံးသင့်တဲ့အလေ့ထအမူကျင့်လေးတွေကို ကိုယ်ကြုံခဲ့ဖူးတဲ့အတွေ့အကြုံပေါ်မူတည်ပြီးပြောပြပေးပါလားရှင်။

ခုမှအလုပ်စလုပ်မယ့်လူငယ်လေးတွေကိုပြောပြချင်တာတစ်ခုရှိပါတယ်။ ကျမတို့အသက်အရွယ်အရ လုပ်ငန်းအတွေ့

အကြုံအရ က သူများကိုဆရာကြီးလုပ်ရလောက်အောင် မကြွယ်ဝသေးပေမယ့် ဖြတ်သန်းလာတဲ့ နှစ်ကာလတွေ

အခက်အခဲအတွေ့အကြုံတွေကနေပြောပြချင်တာလေးတစ်ခုပါ။ ဘာလဲဆိုတော့ ခုခေတ်လူငယ်လေးတွေအများစုမှာ

ငယ်ရွယ်သေးတာကတစ်ကြောင်း ပညာမာန် အရွယ်မာန်ဆိုတာရှိကြပါတယ် ။အဲဒီအတွက် အဆင်မပြေဘူးဆိုချက်ခြင်း

ထွက်စာတင်ထွက်လိုက်တာမျိုး အလုပ်တစ်ခုကနေတစ်ခုကိုခဏခဏပြောင်းနေတာမျိုးတွေမြင်ရတွေ့ရပါတယ်။

ဥပမာပြောရရင် ကျမရဲ့လက်ရှိအလုပ်မှာအထက်ကပြောခဲ့သလိုကျမနေ့စဉ်ကြုံတွေ့ရတဲ့ ဒါရိုက်တာ၂ဟာအားမနာတမ်း

ပြောရရင်ရိုင်းတဲ့အမူအကျင့်တွေ သူတစ်ပါးကိုနှိမ်ချင်တဲ့စိတ် သူတစ်ပါးကို စီးပိုးချင်တဲ့စိတ် ကိုယ်ဖက်ကိုဘဲကြည့်တဲ့စိတ်

အပြည့်ရှိသူပါ။ ၀န်ထမ်းတွေဖက်ကို လှည့်ကြည့်တတ်သူမဟုတ်ပါဘူး။ ကျန် ဒါရိုက်တာ ၃ ဦးမှာတစ်ဦးဖယ်လိုက်ရင်

အကုန်လုံးနဲ့ထိတွေ့ဆက်ဆံနေတဲ့ ၂ ဦးက စိတ်ထားသင့်တင့်လျှောက်ပတ်ပြီးမဆိုးရွားတဲ့အတွက် အလုပ်သမားတွေ

ဝန်ထမ်းတွေခံသာနေကြတာပါ ။ဒါပေမယ့် အလုပ်သမားစီမံခန့်ခွဲရေးရာမှ ဒါရိုက်တာ ၂ကိုကျော်ပြီးဘာမှဝင်ပြောခြင်း

စောဒကတက်ခြင်းမရှိကြပါဘူး။စောင့်စည်းကြပါတယ်။အဲဒီအတွက် သူစီးပိုးတာရိုင်းစိုင်းတာနှိမ်သလိုလိုပြောဆိုတာတွေ

ကို နိစ္စဓူဝခံစားရတာကကျမပါ။ကျန်ဝန်ထမ်းတွေက အဆင့်ဆင့်သွားတဲ့အတွက်ရော နေရာမတူတဲ့အတွက်ရော သူနဲ့

ထိတွေ့ရင်ခနပါပဲ။ အလုပ်လုပ်ခါစကဆိုမျက်ရည်နဲ့မျက်ခွက် သူရိုင်းတဲ့ဒဏ်ကိုကျမခါးစည်းခံရပါတယ်။ဒါပေမယ့်ကျမ

တွေးပါတယ်။ကျမပညာတွေဘယ်လောက်တတ်တတ် ကျမမှာနိုင်ငံခြားအတွေ့အကြူံမရှိဘူး။ နောက်တစ်ခု ကျမမှာ

နောက်ပြန်ကြည့်စရာမိဘရှိတယ်လို့တွေးလိုက်တဲ့အခါမှာ သည်းခံစိတ်ဝင်လာပါတယ်။နောက်ပြီး သြော်သူဒီလိုပြောတတ်

တာဘဲလေ ။ငါ့အမေအရွယ်ဆိုတဲ့ စိတ်နဲ့ ကျမပြန်တွေးပါတယ်။ ကျမနဲ့အတူနေအခန်းဖော်ကလေးမလေးတွေဆို

အမမို့ သည်းခံတယ်ကျမတို့တော့သည်းမခံဘူး.ထွက်မှာဘဲဆို တခုပြီးတစ်ခုပြောင်းကြပါတယ် ။အလုပ်မရဘူးလား

ရပါတယ်။ဒါပေမယ့် လုပ်ငန်းခွင်အတွေ့အကြုံကို ဟိုနားနည်းနည်းဒီနားနည်းနည်းနဲ့ အလုပ်အကုးအပြောင်းမှာ

မေးခွန်းအထုတ်ခံရပါတော့တယ်။ကျမလဲလူသားပဲ။စိတ်ရှိတာပေါ့ ။ ဒါပေမယ့် တနေရာထဲမှာ စိတ်နည်းနည်းရှည်ပေး

ပြီး နှစ်ကြာကြာနေခြင်းကဘာကောင်းကျိုးရလဲဆိုတော့ ကိုယ်ပိုင်စီးပွားရေးဆိုရင်ရော ဘယ်လိုစီမံအုပ်ချူပ်မလဲ

ဘယ်လိုရောင်းဝယ်မလဲ ။ဘယ်လိုစီးဆင်းမလဲဆိုတဲ့ သဘောတရားတွေကိုကောင်းကောင်းနားလည်လာပါတယ်။

အုပ်ချူပ်မှု့ပိုင်းဆိုင်ရာငွေကြေးစီမံခန့်ခွဲမှု့ဆိုင်ရာတွေမှာပါသူတို့ဆီကနေတဖြည်းဖြည်းရလာပါတယ် ။

ဒီလိုပြောလို့ ဘာပြောပြောဘာလုပ်လုပ်ငြိမ်ခံရမှာလားလို့မေးစရာရှိပါတယ်။အဲလိုလည်းမဟုတ်ပါဘူး။

စိတ်ရှည်သည်းခံလိုက်ခြင်းရဲ့အနောက်မှာ အကျိုးကျေးဇူးဆိုတာပါလားပါတယ်။ခြွင်းချက်ကတော့ ကိုယ့်ကို

ဘယ်လိမှသည်းမခံနိုင်အောင်လုပ်လာရင်တော့ တမျိုးပေါ့လေ။ပြောင်းရမှာပေါ့ ။

ဒါ့ကြောင့်ဘာပဲဖြစ်ဖြစ် တတ်နိုင်သလောက် စိတ်ရှည်ပါဇွဲကောင်းပါ။ သည်းခံပါ။လို့ပြောချင်ပါတယ်။

...............

Q: တဆက်တည်း လုပ်ငန်းအတွေ့ကြုံတွေထဲမှာ အမှတ်တရအဖြစ်ဆုံး အဖြစ်ပျက်ကလေးများရှိရင်ပြောပြပေးပါရှင်။

အကုန်လုံးကအမှတ်တရဖြစ်တာချည်းဘဲမို့ အမှတ်တရအဖြစ်ဆုံးတော့ မရှိခဲ့ပါဘူး။

...............

Q: (အိမ်ထောင်သို့မိသားစုရှိလျှင်)လုပ်ငန်းခွင်မှာအောင်မြင်ဖို့ကြိုးစားရတာတွေနှင့်အတူ မိသားစုအရေးမှာလည်း ဟန်ချက်ညီဖို့ကြိုးစားရတာတွေနှင့်ပတ်သက်ပြီး အခက်ခဲလေးတွေ၊ ဖြေရှင်းပုံနည်းလမ်းအချို့ကိုပြောပြပေးပါလားရှင်။

တနိုင်ငံစီနေတာဆိုတော့ တော်တော်တော့ဒုက္ခရောက်တာပေါ့နော်။ ပိတ်ရက်ဆို သူ့ဆီပြေးရ အချိန်ကမရ ခွင့်မရနဲ့ဆိုတော့

တော်တော်တော့ပင်ပန်းပါတယ်။ ညှိညှိနှိုင်းနှိုင်းလုပ်ရတာပါပဲ။

...............

Q: မြန်မာပြည်မှာ အလုပ်ခဏခဏပြောင်းတာတွေအပေါ်ဘယ်လိုမြင်ပါလဲ။ ဘယ်လိုဖြေရှင်းသင့်တယ်လို့ထင်ပါသလဲ။

အလုပ်ခဏခဏပြောင်းကြတယ်ဆိုတာ ခုနကမေးခွန်းမှာပြောခဲ့ သလိုပါပဲ။ လူငယ်တွေအနေနဲ့ ပထမအချက်က တခုခုဆိုရင်

ဘာမှဟုတ်တာလေးနဲ့ ကိုယ့်ဖက်ကစပြီးသည်းမခံနိုင်တာမျိုး ကနေ ပေါက်ကွဲလွယ်ပြီး ပြောင်းတတ်တာမျိုး။

နောက်တစ်ခုကတော့ အလုပ်ရှင်တွေရဲ့ စီးပိုးမှု့ လုပ်ငန်းခွင်မှာဝန်ထမ်းတွေကို သင့်တင့်မျှတစွာမဆက်မှုတွေ၊ လစာနှိမ့်ချ

ပေးမှုတွေကနေ ဖြစ်ပေါ်လာတဲ့ လုပ်ငန်းခွင်မပျော်ရွှင်မှု့တွေကစပြီး အလုပ်ပြောင်းရတာမျိုး ဆြိုပီးရှိပါတယ်။

ပထမအချက်အနေနဲ့က လုပ်ငန်းခွင်မှာ မိမိကစမှားလို့ဘဲဖြစ်ဖြစ် တခုခုကြောင့်ပဲဖြစ်ဖြစ် စကားပြောစရာ စိတ်အနှောက်

အယှက်ဖြစ်စရာကြုံလာတဲ့အခါမှာ အရင်ဆုံး ကိုယ့်ပါးစပ်ကနေလွှတ်ခနဲထွက်မယ်တို့ ဘာတို့ စကားအဆုံးအထိတော့

အရင်မပြောမိဖို့လိုပါတယ်။ ပြသနာအတိမ်အနက်ပေါ်မူတည်ပြီး မရှောင်လွဲပဲ ပြသနာကိုရင်ဆိုင်ဖြေရှင်းတာအကောင်းဆုံး

ဖြစ်သလို အရမ်းသွေးပူနေတဲ့အချိန်မျိုးမှာလဲ တခုခုကိုလွယ်လွယ်ဆုံးဖြတ်လို့မရပါဘူး။ ခေါင်းအေးတဲ့အထိ စိတ်နည်းနည်း

အေးတဲ့အထိ သည်းခံလိုက်ပြီးမှ ဒါဟာငါသည်းခံနိုင်သလား။ဘယ်လိုဖြေရှင်းသင့်လဲလို့ ပြန်သုံးသပ်သင့်ပါတယ်။

လုံးဝသည်းမခံနိုင်တော့ဘူး။ ကိုယ့်ဖက်ကလဲမှန်နေတယ်ဆိုရင်တော့ တမျိုးတဖုံပြောင်းစဉ်းစားပေါ့နော်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံးသွေးအေးသွားမှ အပြန်ပြန်အလှန်လှန်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချတာဟာ

အမှန်ကန်ဆုံးဖြေရှင်းခြင်းလို့ထင်ပါတယ်။

လူငယ်တွေကိုအကြံပေးချင်တာက အလုပ်ဝင်တဲ့အခါမှာ တတ်နိုင်သလောက်တော့ မိမိဖက်က အလုပ်တခုကနေတခု

ခဏခဏမပြောင်းမိအောင် သတိထားသင့်ပါတယ်။ ဒါပေမယ့် ခုနကပြောသလိုပေါ့လေကိုယ်လုပ်တဲ့အလုပ်ကလစာနည်း

နေပြီး အသစ်က လစာများအခွင့်အရေးများနေတဲ့အခါ ပြောင်းသွားတာကတမျိုးပေါ့။ဒါပေမဲ့ပြသနာအသေးအဖွဲကစလို့

စိတ်ခံစားမှု့အတိုင်းလိုက်ပြီး အလုပ်တခုကတခုခဏခဏပြောင်းတဲ့အခါ တကယ့်ကုမ္ပဏီအကြီးကြီးတွေမှာအင်တာဗျူး

တဲ့ဒါရိုက်တာအဖွဲ့ဝင်တွေအတွက် ကိုယ့်ရဲ့ Personal Data တွေဟာမေးခွန်းထုတ်စရာ စောင့်ကြည့်လေ့လာစရာတွေ

ဖြစ်လာတတ်ပါတယ်။ ဒါ့ကြေပင့် တတ်နိုင်သလောက် စိတ်ရှည်သည်းခံပြီးဖြေရှင်းပါလို့ဘဲပြောချင်ပါတယ်။

...............

Q: ခုကစပြီးလုပ်ငန်းခွင်ထဲဝင်ဖို့ပြင်ဆင်နေတဲ့လူငယ်တွေကိုဘယ်လိုမျိုးတွေပြင်ဆင်သင့်တယ်လို့အကြံပေးချင်ပါသလဲ။

လုပ်ငန်းခွင်ထဲဝင်ဖို့ပြင်ဆင်နေတဲ့လူငယ်လေးတွေကိုပြောပြချင်ပါတယ်။ ဒါကတော့ ကိုယ့်သက်ဆိုင်ရာဘာသာရပ်တွေကို

ကျွမ်းကျင်အောင်လေ့လာသင်ယူပါ။ နောက်တစ်ခုကတော့ ဘာသာစကားပါ။ တခြားဘာသာစကားတွေလေးငါးမျိုးမရရင်

်တောင် ကိုယ့်နိုင်ငံမှာပဲဖြစ်ဖြစ် တခြားနိုင်ငံဘဲသွားသွား အရေးအကြီးဆုံးကတော့ အင်္ဂလိပ်စာပါ။ အင်္ဂလိပ်စာအားနည်းရင်

ဘာမှကိုလုပ်မရတော့ပါဘူး။တော်တော်ကြီးဒုက္ခရောက်ရပါတယ်။ လူတိုင်းတော့ အလုပ်ခွင်ဝင်တဲ့အချိန်မှာ ပြီးပြည့်စုံနေကြ

မှာမဟုတ်ပါဘူး။ ဒါပေမယ့် အရေးအဖတ်ပိုင်းနိုင်တယ်ဆိုရင် အပြောက အလိုလိုဖြစ်သွားပါတယ်။ ပြောရမှာကိုလဲမရှက်

ပါနဲ့။ မှားမှားမှန်မှန်ရဲရဲသာပြောပါ။ ကျမတို့တုန်းကဆို သင်တန်းမှန်သမျှလိုက်တက်ပြီးလေ့ကျင့်ရတာ။ ပြောရမှာလဲ

ရှက်လိုက်တာ။ အပြောရှက်တဲ့သူက လွယ်လွယ်မတတ်ပါဘူး။ နောက်ကြောက်စရာမလိုပါဘူး။ ဘာသာစကားဆိုတာသူတို့

နားလည်အောင်ပြောရတဲ့ စကားဖြစ်လို့ ကိုယ်တတ်သလိုကနေဘဲ ကြိုးစားပြီး တလုံးချင်းဖြည်းဖြည်းချင်းပြောသွားရင်

အဆင်ပြေနိုင်ပါတယ်။ အင်္ဂလိပ်စာပြီးရင်တော့ ကိုယ်နေတဲ့နိုင်ငံမှာ ဘယ်လိုဘာသာစကားတွေကြီးစိုးသလဲ လေ့လာသင့်

သလဲဆိုတာ လေ့လာပြီး သင်ယူသင့်ပါတယ်။ ဥပမာ။ ဂျပန်သွားမယ့်သူကတော့ ဂျပန်စာပေါ့ ကိုရီးယားသွားမယ့်သူက

ကိုရီးယား၊ စင်္ကာပူလာမယ့်သူဆို အင်္ဂလိပ်စာအပြင် တရုတ်စာပါတွဲပြီးလေ့လာသင့်ပါတယ် ။ အဓိကဘာသာကတော့

အင်္ဂလိပ်စာပါပဲ။ ဒါပေမယ့် တခြားဘာသာကိုပါတွဲလေ့လာနိုင်မယ်ဆိုရင်တော့ကိုယ့်အတွက်အကောင်းဆုံးအဆင်ပြေမှု

တွေရောက်လာနိုင်တာပေါ့လေ။ နောက်တစ်ခုကတော့ အိုင်တီနဲ့ ပတ်သတ်ပြီးနောက်မကျထားအောင်သင်ယူသင့်ပါတယ်။

အစစအရာရာကွန်ပြူတာနဲ့ နည်းပညာတွေနဲ့အလုပ်လုပ်နေရတဲ့အချိန်မှာ နည်းပညာပိုင်းဆိုင်ရာလေ့လာမှု့လေးမရှိဘူး

ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ သူများပြောရင်ပါးစပ်အဟောင်းသားနဲ့ ငုတ်တုတ်မေ့နေရပါလိမ့်မယ်။

ဘာသာစကားနဲ့ အိုင်တီဟာ ခုလိုခေတ်ကြီးထဲမှာ လုပ်ငန်းခွင်ဝင်မယ့် လူငယ်တွေအတွက် တကယ့်ကိုလိုအပ်လှပါတယ်။

အသက်မွေးဝမ်းကြောင်းပညာရပ်က လုပ်ငန်းခွင်ကနေအတွေ့အကြူံရသွားစေပေမယ့် ဘာသာစကားနဲ့နည်းပညာကိုပါ

ကိုယ့်ဖက်ကနေထပ်ဆောင်းလေ့လာဖို့လိုပါတယ်လို့ ပြောချင်ပါတယ်။

...............

Q: အင်တာဗျူးဝင်မယ့်လူငယ်တွေကိုဘယ်လိုကြိုတင်ပြင်ဆင်မှုတွေလုပ်သင့်တယ်ဆိုတာအကြံပေးပေးပါလားရှင်

အင်တာဗျူးဝင်မယ့်လူငယ်တွေကိုပြောချင်တာကတော့ အင်တာဗျူးကိုကြောက်ခြင်းစိတ်လှုပ်ရှားခြင်းမရှိဘဲအေးေးအးဆေး

ဆေးဖြေပါ။ တကယ်တမ်းပြောရရင် အင်တာဗျူးဆိုတာ ရချင်ရမယ် မရချင်မရဘူးနှစ်ခုဘဲရှိတယ်လေ။ သူတို့ကိုယ့်ကိုကြိုက်

ရင်ခန့်မှာပေါ့။ မကြိုက်ရင်မခန့်ဘူးပေါ့ မဟုတ်လား။ ကြောက်စရာမရှိဘူးလေ။ တချို့မောင်ငယ်ညီမငယ်တွေအင်တာဗျူးဆို

တအားကြောက်ကြပါတယ်။ မလိုအပ်ပါဘူး။ မျက်စိတွေပြာ ရင်တွေတုန်ခြေဖျားလက်ဖျားတွေအေးတဲ့အထိမလိုအပ်ပါဘူး။

သက်တောင့်သက်သာဖြေနိုင်အောင်ကြိုးစားပါ။ အေးအေးဆေးဆေးဖြေပါ။ နောက်တစ်ခုကအရမ်းကြီးပြင်ဆင်သွားစရာ

မလိုပေမယ့် ရုပ်ရည်သန့်ပြန့်မှု့ဟာလဲ အရေးကြီးတာမို့ သေသပ် သပ်ရပ်သန့်ရှင်းစွာဝတ်စားပါ။ ရှော့ပင်ထွက်တဲ့အ၀တ်

အစားလိုပုံနဲ့အင်တာဗျူးကိုမသွားမိပါစေနဲ့။ အင်တာဗျူးမဖြေခင်နာရီဝက်လောက်ဖြေမယ့်နေရာကိုရောက်အောင်သွားပါ။

ဝီရိယရှိဖို့တော့လိုပါတယ်။ နောက်တစ်ခုက သူ့အမေးချည်းမခံဘဲ ကိုယ်မေးချင်တာတွေလဲမေးနိုင်အောင် ရေးမှတ်ထား

သင့်ပါတယ်။ တချို့ကတော့ အင်တာဗျူးနဲ့ သက်ဆိုင်တာတွေမေးတတ်ပြီး တချို့ကတော့အလာပသလာပ ပြောရင်း

စကားအပြောအဆိုကိုအကဲခတ်တတ်ပါတယ်။ သူတို့မေးချင်တာမေးပြီးသွားတဲ့အခါ ကျနော်/ကျမ မေးချင်ပါတယ်ဆိုပြီး

ပြန်မေးပါ။ ကိုယ်ရမယ့်လစာ။ လုပ်ရမယ့်အလုပ်။ လုပ်ငန်းခွင်အနေအထား။ လုပ်ငန်းခွင်မှာလူဘယ်နှစ်ယောက်ရှိသလဲ။

ဘာတွေပံ့ပိုးမှု့ပေးမလဲလစာကိုအရည်အချင်းပေါ်မူတည်ပြီးတိုးပေးမပေး၊ နှစ်ကုန်တဲ့အခါဘောနပ်စ်ပေးခြင်းအလုပ်သမား

တစ်ယောက်ရသင့်ရထိုက်တဲ့ခံစားခွင့် ဥပမာ။ ဆေးခွင့်မီးဖွားခွင့်။ရှောင်တခင်ခွင့်။ ဒါမျိုးတွေအသေအချာမေးသင့်ပါတယ်။

တနှစ်မှာပိတ်ရက်ရှည်ပေးမပေး။ အချိန်ပိုခံစားခွင့်ရှိမရှိ။ ဒါတွေကိုကိုယ်ကပြန်မေးပါ။နောက်ပြီးဒီကုမ္ပဏီဟာပြည်တွင်းတင်

ပဲလား။ ပြည်ပနဲ့ရော ကူးသန်းရောင်းဝယ်မှု့ရှိမရှိ ဒါတွေကတော့ ကိုယ့်ရဲ့ဘာသာစကားကျွမ်းကျင်မှု့ပေါ်မှာမူတည်ပြီး

အလာပသလာပသဘောမျိုးမေးပါ။ အဲဒီအခါ အင်တာဗျူးသူလူကြီးမင်းအနေနဲ့ ကိုယ့်ရဲ့အရည်အချင်းကိုအကဲခတ်နိုင်

မှာဖြစ်သလိုသတိထားမိလာနိုင်ပါတယ်။

...............

Q: မြန်မာပြည်သို့နိုင်ငံခြားလုပ်ငန်းတွေများစွာဝင်ရောက်ရင်းနှီးမြှုပ်နှံလာတာတွေ့ရသလို မြန်မာပြည်ကို ပြန်လာသူလိုသူတွေကို ဘယ်လိုအကြံပေးချင်ပါသလဲ။

နိုင်ငံခြားကနေမြန်မာပြည်ကိုပြန်လာချင်သူတွေအများကြိးရှိနေပါတယ်။ ဒီမှာလိုလစာမရရင်တောင် ပညာအရည်အချင်း

အတွေ့အကြူံတွေနဲ့ လုံလောက်တဲ့ ကျေနပ်မှု့ရှိတဲ့လစာအတိုင်းအတာထိလိုချင်ကြတာတော့အမှန်ပါ။ ကျမကိုယ်တိုင်

အဝေးရောက်နေသူဖြစ်တဲ့အတွက် လက်ရှိမြန်မာနိုင်ငံရဲ့လုပ်ငန်းတွေအကြောင်း ရလာနိုင်မယ့်ဝင်ငွေတွေနဲ့ပတ်သက်ပြီး

သေချာမသိတဲ့အတွက် မပြောတတ်ဘူးလို့ဘဲပြောပါရစေ။

...............

Q: ပညာသင်ကြားခဲ့စဉ်အချိန်တွေမှာ အခက်ခဲတွေရှိခဲ့ဖူးရင် ယင်းအခက်ခဲတွေနှင့်ဘယ်လိုကျော်လွှားခဲ့ရသလဲဆိုတာ ပြောပြပေးပါလားရှင်။

ပညာသင်ကြားချိန်အခက်အခဲကတော့ ထွေထွေထူးထူးမရှိလှပါဘူး။ တခုပါပဲ ။ ကျောင်းတွေတခုပြီးတစ်ခုတက်နေရတဲ့

အတွက် စာတွေကလဲမပြတ်ကျက်နေရတာမျိုး ။သင်တန်းတွေကတမျိုးနဲ့ တခါတခါ ဖတ်မှတ်နေရင်းဟုန်သွားပြီး ဘာမှ

မှတ်မရတော့တာမျိုးလောက်ပါပဲ ။ ကျန်တာတော့မရှိပါဘူး။

...............

Q: လူငယ်တွေပညာသင်ကြားရေးနှင့်ပတ်သက်ပြီး အကြံပြုချင်တာလေးများရှိရင်ပြောပြပေးပါလားရှင်။

လူငယ်တွေကိုပညာသင်ကြားရေးနဲ့ပတ်သတ်ပြီးအကြံပြုချင်တာကတော့ ဘယ်အရာမဆို ဇွဲ လုံ့လ ၀ီရိယဆိုတာနဲ့

အရင်းပြုပြီး စိတ်ရှည်ရှည်နဲ့ သင်ကြားမယ်ဆိုရင် ဘယ်လောက်ခက်ခဲတဲ့အရာဖြစ်နေပါစေ တနေ့တလံပုဂံဘယ်ရွေ့

နဲ့ အောင်မြင်ကျော်ဖြတ်သွားမှာပါ။ အဓိကက မပျင်းမရိဖို့ပါဘဲ ။တခါတလေမှာလူငယ်ဆိုတာ သင်ကြားနေရင်း

အပျင်းစိတ်ဝင်လာတဲ့အခါသင်ကြားနေသမျှတွေ မှတ်နေသမျှတွေရပ်ဆိုင်းသွားတာမျိုးဖြစ်တတ်တဲ့အတွက်အရာရာကို

စိတ်နှစ်မြုပ်ပြီးဇွဲနဲ့သင်ကြားလေ့လာသင့်ပါတယ်။လုပ်ငန်းခွင်နဲ့ ပတ်သတ်ဆက်နွယ်လို့ဘဲဖြစ်ဖြစ် အထွေထွေဗဟုသုတ

အဖြစ်နဲ့ဘဲဖြစ်ဖြစ် မိမိကိုယ်တိုင်သင်ယူချင်စိတ်ရှိပါမှ ကိုယ်ကျင်လည်ရာပတ်ဝန်းကျင်မှာတိုးတက်အောင်မြင်နိုင်မှာ

ဖြစ်ပါတယ်။ဘယ်အရာမဆို သင်ကြားလေ့လာနိုင်သူအတွက် ရရှိလာမယ့် အကျိုးအမြတ်တွေကတော့မိမိရဲ့လုပ်ငန်းခွင်

မှာအောင်မြင်ခြင်းဘဲဖြစ်ပါလိမ့်မယ်။

...............

Q:နိုင်ငံခြားသားတွေနှင့်တွဲလုပ်တဲ့အခါ ဖြစ်လေ့ရှိတဲ့အခက်အခဲလေးတွေပြောပြပေးပါလား

နိုင်ငံခြားသားနဲ့တွဲလုပ်တဲ့အခါ ဘာတွေဖြစ်တတ်လဲဆိုတော့ ကိုယ့်ဖက်ကမသေချာတာနဲ့ကိုယ့်ကိုပြန်ထောက်တဲ့

မေးခွန်းတွေတရစပ်လာတတ်ပါတယ်။ နောက်တခုက သူတို့ပြောသမျှကို နောက်တစ်ခါပြန်ပြောတဲ့အခါ ကိုယ်က

အချိန်နာရီနဲ့အသေးစိတ်မမှတ်ထားမိရင် ကိုယ်ပြန်ဖြေရှင်းရခက်တော့တာပါပဲ။

...............

Q: လက်ကိုင်ထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ဝေမျှပေးပါလား

ဆောင်ရန်ကတော့မြင်မြင်သမျှ လေ့လာသင်ယူနိုင်အောင်ကြိုးစားပါ။နှိမ့်ချခြင်းဖြင့် ပညာယူတတ်ပါ။

ဘယ်သူဘာပြောပြောချရေးချမှတ်တတ်တဲ့အကျင့်လုပ်ပါ။

ရှောင်ရန်ကတော့ လွယ်လွယ်နဲ့ ပါးစပ်ကတခုခုမထွက်မိအောင်သတိထားနိုင်အောင်ကြိုးစားပါ။

ကမူးရှုးထိုးနဲ့ဆုံးဖြတ်ချက်လွယ်လွယ်မချတတ်အောင်လုပ်ပါ။

လုပ်ငန်းခွင်ပြသနာကိုဘယ်တော့မှရှောင်ထွက်မသွားတတ်အောင်ကြိုးစားပါ။

...............

Q: ဘာသာစကားနှင့်ပတ်သက်ပြီးကြုံရတဲ့အခက်ခဲလေးတွေရှိရင်ပြောပြပေးပါလား

စစခြင်းပြောကြတော့ သူတို့ပြောတာကိုယ်နားမလည် ကိုယ်ပြောတာသူနားမလည် ။ပြောရမှာကလဲကြောက်။

ဒါမျိုးတွေဖြစ်ခဲ့ဖူးပါတယ်။ စကားမပြောဘဲအလုပ်သာသိမ်းကြုံးလုပ်ချင်တဲ့စိတ်အထိပေါက်တာပါ။

လေယူလေသိမ်းတွေက တစ်ယောက်နဲ့တစ်ယောက်မတူသလို ဖုန်းနဲ့ပြောရင်ပိုဆိုးပိုနားမလည်လို့

ကျေးဇူးပြူပြီးဖြေးဖြေးပြောပါလို့ ပြောခဲ့ရတဲ့အကြိမ်တွေမနည်းပါဘူး ။

...............

Q: နိုင်ငံခြားတိုင်းပြည်တခုမှာ အလုပ်လုပ်ကိုင်နေထိုင်ရာမှာ ကျင့်သုံးသင့်တဲ့အချက်လေးတွေ ဝေမျှပေးပါလား။

ကျမ အလုပ်လုပ်ခဲ့တဲ့နှူစ်တွေမှာ တခါမှ အလုပ်နောက်မကျခဲ့ဖူးတဲ့အပြင် ခြောက်နှစ်နီးပါး နာရီဝက်စောရောက်ခဲ့တယ်

ဆိုတာပါပဲ။ နေထိုင်မကောင်းလို့ပျက်ကွက်တာမှအပရုံးနောက်ကျခြင်းဆိုတာ ကျမဘ၀မှာမရှိခဲ့ပါဘူး။ နောက်ပြီးကျမ

ကိုဘယ်သူဘာလာခိုင်းခိုင်း ကျမမသိဘူးမတတ်ဘူးအရင်မပြောပါဘူး။ ဘယ်လိုလုပ်နိုင်မလဲ လုပ်လို့ရမလဲ အရင်

လေ့လာပါတယ်။ ဒါဟာလဲကျမအတွက် အသိညဏ်တိုးစရာဖြစ်တာမို့ တတ်နိုင်သလောက်ကိုယ်အရင်ဆုံးလုပ်ကြည့်

ပါတယ်။ မသိရင် ရိုးသားစွာဘဲငါမသိဘူးဒါဘယ်လိုလုပ်နိုင်မလဲရှင်းနိုင်မလဲလို့ မေးပါတယ်။

နောက်တစ်ခုက လုပ်ငန်းခွင်မှာထိခိုက်မခံနိုင်တဲ့အတွက် ကျမရဲ့ ကော်ဖီသောက်ချိန်ကိုယ်ပိုင်ရုပ်ရှင်ကြည့်ချိန်ကအစ

ပြောင်းလဲပါတယ်။ သောကြာလိုညမျိုးစနေလိုညမျိုးမှာ ကျမ အပြင်ထွက်တယ် ကော်ဖီသောက် အိမ်မှာရုပ်ရှင်ကို

ညဉ်နက်အောင်ကြည့်ပေမယ့် တနင်္ဂနွေညကစလို့ ကြာသာပတေးညအထိ ကျမ ပုံမှန်အိပ်ယာဝင်နိုင်အောင်

ကြိုးစားပါတယ်။ ဒါမှလဲ ရုံးရောက်ရင်စိတ်ကြည်ကြည်လင်လင်နဲ့အလုပ်လုပ်နိုင်တဲ့အတွက်အိပ်ရေးပျက်နိုင်လောက်

တဲ့အပြုအမူတွေကိုကျမတတ်နိုင်သလောက်ရှောင်ကျဉ်ပါတယ်။

...............

အခုလို အတွေ့အကြုံတွေ၊ဗဟုသုတတွေကို အားလုံးအတွက် ဖြေကြားဝေမျှပေးတဲ့အတွက် Dream Job Myanmar မှ ကျေးဇူးအထူးတင်ရှိပါသည်။

...............

Date of Birth: 19/09/1981

Nationality: Myanmar

Education: 1- University of Yangon, M.BSc 2- Yangon University of Foreign Language, Diploma of Chinese Language 3- Diploma of Business Management 4- Diploma of English Language 5- Diploma of Hotel Management, Singapore 6- Diploma of Computer Studies, NCC Myanmar

Career: Personal Assistant & Admin Officer